ဘ၀ကို ကောင်းမွန်စွာ ဘယ်လိုအသက်ဆက်လက်ရှင်သန်ရမလဲ?????

စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေများလာပြီး စိတ်ဓာတ်တွေကျလာပြီဆိုရင် လူတိုင်းက သူဘေးနားမှာ ရှိနေတဲ့လူတွေကို အကောင်းမမြင်ကြတော့ဘူး။ ဘ၀မှာ တစ်ခါတလေမှာ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုပြသာနာပေါင်းသောင်းခြောက်ထောင်ကို ရှောင်လွဲပြီး ဘ၀ကို ကောင်းမွန်စွာ ဘယ်လို အသက်ဆက်ရှင်သန်ရမလဲဆိုတော့…..

(1) တစ်ချို့အရာတွေကို စိတ်ထဲက ထုတ်လိုက်ပါ..

လူလောကကြီးမှာ အဆင်ပြေချောမွေ့စွာ ဆက်လက်ရှင်သန်ချင်တယ်ဆိုရင် သင်စိတ်ထဲမှာရှိတဲ့ မကောင်းမြင်တတ်တဲ့ စိတ်ကို ထုတ်ပစ်ဖို့က အရေးကြီးပါတယ်။ ဒီအချက်က သင်မဖြစ်မနေလုပ်ရမယ့်အချက်ပါ။ မကောင်းတဲ့စိတ်ကို ထုတ်ပစ်ဖို့က လုပ်ဖို့က မလွယ်ဘူးဆိုတာသိပေမယ့် အချိန်ပေးပြီး အရာရာကို အကောင်းမြင်တတ်အောင် ကြည့်ပေးဖို့ကြိုးစားသင့်ပါတယ်။ လောကကြီးက နေတတ်ရင် ကျေနပ်စရာကြီးပါ…

(2) ကျေးဇူတင်စကားပြောတတ်အောင် လေ့ကျင့်ပါ။

ဒီအချက်ကလည်း သင့်အနေနဲ့ မဖြစ်မနေ သင်ယူသင့်တဲ့ အရေးကြီးဆုံးအချက်ပဲဖြစ်တယ်။ တကယ်လို့ သင်ဘ၀ကြီးက အရမ်းခက်ခဲ ကြမ်းတမ်းနေတယ်ဆိုရင်တော့ သင့်ဘေးနားမှာအတူရှိနေပေးတဲ့ မိဘ၊ ဘ၀ကြင်ဖော် အစရှိတဲ့သူတို့ကို ကျေးဇူးတင်လိုက်ပါ။ ဘာလို့လဲဆိုတော့ အဲဒီသူတွေက သင်ဘေးမှာနားမှာ အေးတူပူမျှမခွဲပဲ နေပေးလို့ပါ။ အဲလိုကျေးဇူးတင်စကားပြောလိုက်တာဟာ သူတို့ရဲ့ သင်အပေါ်မှာထားတဲ့ မေတ္တာကို အသိအမှတ်ပြုသလိုဖြစ်လိမ့်မယ်။

READ
မိဘနဲ့အတူနေတဲ့အရွယ်ရောက်ပြီးသူတွေသိထားသင့်တဲ့အချက်များ

(3) ရိုးသားစွာနေပါ။

လောကကြီးမှာ သင့်ကိုယ်သင် အရိုးသားဆုံးနေပေးတာက ရှေ့ဆက်ရမယ့်အနာဂတ်မှာ ကောင်းမွန်တဲ့ အရာတွေကို ရယူနိုင်စွမ်းရှိလာမှာပါ။  သင့်ရဲ့မကောင်းမြင်နေတဲ့ စိတ်တွေနဲ့ သင့်ကိုယ်သင် အရိုးသားဆုံးနေကြည့်လိုက်ပါ။ လောကကြီးကို အကောင်းမြင်အောင်နေပြီး ကောင်းမွန်စွာ အသက်ဆက်ရှင်သန်နေဖို့အတွက် သင့်ကိုယ်သင် အရိုးသားဆုံးနေပါ။

(4) ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိပါစေ။

လူတွေက ဘ၀မှာ ကိုယ်ဖြစ်ချင်တာက ဘာလဲဆိုတာ သေချာသိတဲ့ လူဦးရေဟာ အတော်ကိုနည်းပါးပါတယ်…ကိုယ်ဖြစ်ချင်တဲ့အရာက ဘာလဲဆိုတာသိဖို့အတွက် သင်မလုပ်ချင်တဲ့အရာတွေကို အရင်ဆုံးလုပ်ကြည့်ပါ…ဒါမှ သင့်ဘ၀မှာ တကယ်လုပ်ချင်တာက ဘာလဲဆိုတာကို သိလာမှာပဲဖြစ်ပါတယ်။ သင်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကို သိသွားပြီးရင်တော့ အောင်မြင်ဖို့ကိုပဲ အာရုံစိုက်ပြီးလုပ်မယ်ဆိုရင် စိတ်ချမ်းသာစွာ ဘ၀ကို ဆက်လျှောက်နိုင်မှာပါ။

 

SHARE