အမြွာဘာသာစကားနဲ့ စကားတွေ ဖောင်ဖွဲ့နေခဲ့ကြတဲ့ ကလေးငယ်(၂)ဦး

အသက်ချင်းသိပ်မကွာတဲ့ ညီအကိုမောင်နှမတွေရှိကြတာ ကောင်းမွန်ပါတယ်။ တကယ်လို့ မွေးချင်းတွေ အချင်းချင်း ၀ါသနာတူတွေပါခဲ့ရင်လည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် သာမန်မွေးလာတဲ့ ညီအကိုမောင်နှမတွေထက် အမြွာလေးတွေဟာ စိတ်ချင်းဆက်နွယ်မှုရှိကြပြီး ပိုရင်းနှီးလေ့ရှိကြပါတယ်။

http://awm.com

အခုတွေ့ရမယ့် ဗီဒီယိုလေးမှာ အမြွာကလေးနှစ်ယောက်ဟာ နှစ်ဦးသားသာ နားလည်နိုင်တဲ့ ဘာသာစကားနဲ့စကားပြောနေကြတာပါ။ ဗီဒီယိုကိုတော့ အမြွာလေးတွေရဲ့ မိဘတွေက ရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ကလေးလေးတွေ စကားပြောနေပုံကိုကြည့်ရတာ စိတ်ကြည်နူးဖွယ်ပါပဲ။ ကလေးတွေဟာ အရမ်းငယ်သေးပေမယ့် တစ်ယောက်မျက်နှာတစ်ယောက် အကဲခတ်ပြီး စကားပြောနေတာကို မြင်ရတာကြောင့် သူတို့နှစ်ဦးကြားက သံယောဇဉ်ဟာ ဘယ်လောက်ခိုင်မြဲတယ်ဆိုတာ တွေ့ရမှာပါ။

http://awm.com

ဗီဒီယိုထဲမှာတွေ့ရတဲ့ အမြွာလေးတွေရဲ့အမည်က မာလီနဲ့စတီဂျန်တို့ဖြစ်ပြီး ယူကေနိုင်ငံက ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ အဖေနဲ့အမေရဲ့ အတင်းကို အချင်းချင်းစကားဝှက်နဲ့ ပြောဆိုနေသယောင်ပါပဲ။ သူတို့လေးတွေဟာ ငယ်သေးတဲ့အချိန်မှာတော့ အမွှာစကားနဲ့ပြောဆိုပြီး အချင်းချင်းနားလည်သဘောပေါက်ပုံရပေမယ့် ကြီးလာတဲ့အခါမှာတော့ မိဘတွေပြောကြတဲ့စကားကိုသင်ယူရတာကြောင့် ငယ်ငယ်တုန်းက ပြောခဲ့တဲ့စကားတွေ မေ့ပျောက်သွားပုံရပါတယ်။

READ
နာမကျန်းတဲ့အဖွားရဲ့နောက်ဆုံးဆန္ဒကို ထူးခြားစွာဖြည့်ဆည်းပေးခဲ့တဲ့မြေးလေး
http://awm.com

ဒီလိုနက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေ ရှိနေပေမယ့် အမြွာတွေကြားထဲက ဆက်သွယ်မှုဟာ အမြဲတမ်းတော့ မနွေးထွေးနိုင်ပါဘူး။ အသက်ချင်းကလည်းနီးတာကြောင့် အချင်းချင်းအပြိုင်အဆိုင်တွေလည်း ရှိတတ်ပါသေးတယ်။ ဒါ့ကြောင့် အမြွာမွေးထားတဲ့ မိဘတွေအတွက် အမြွာလေးတွေကို ညီမျှတဲ့ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပေးနိုင်ဖို့လိုအပ်ပါတယ်။

လင်းလင်း (ShweMom)

Ref: awm

SHARE