Photoshop ကြောင့် ဝေဖန်ခံနေရတဲ့ Kendall နဲ့ Kylie Jenner ရဲ့ ဓါတ်ပုံ

Image:IG/ kendall

Kendall နဲ့ Kylie Jenner တို့ ညီအစ်မ တွေ ကတော့ အတူတူ ကြော်ငြာ ရိုက်ကူးခဲ့ပါတယ်။တစ်ယောက်က အကိတ် Body ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပါးပါးလျပ်လျပ်နဲ့ LCD Body အချိုးအစား မျိုးပါ။ညီအစ်မ နှစ်ယောက် မှာ Kylie က အသက်အငယ်ဆုံးဘီလီယံနာ ဖြစ်ပြီး နောက်တစ်ယောက် Kendall ကတော့ ကမ္ဘာ့ဝင်ေ ငွ အကောင်းဆုံး စူပါမော်ဒယ်တွေထဲက တစ်ယောက်ပါ။သူတို့နှစ်ယောက်ရဲ့ Kendall + Kylie အ၀တ်အစား collection အတွက် ကြော်ငြာ ရိုက်ခဲ့တာပါ။

Image:IG/ Kendall
Image:IG/Kylie
Image:IG/Kylie

ပုံတွေကိုတော့ kendallandkylie IG မှာ တင်ထားတာပါ။အဲ့ဒီ IG ကတော့ သူတို့နှစ်ယောက်ရဲ့ Brand  IG ပါ။Kendall ကတော့ ကျားသစ်ကွက် String Bikini နဲ့အနက်ရောင် sleeve shirt ကို ၀တ်ဆင်ထားပါတယ်။နောက်တစ်ပုံမှာတော့ အညိုရောင် အနားပတ်ကျယ်ဦးထုပ်ကြီးကို ၀တ်ဆင်ထားပါတယ်။Kylie ကတော့ အပေါ်မှာ နီယွန် အ၀ါရောင် ဆွယ်တာကို ၀တ်ဆင်ထားပြီး အောက်ပိုင်းမှာတော့ ဘီကီနီကို ၀တ်ဆင်ထားပါတယ်။Kendall ကတော့ Kylie ရဲ့ အ ပေါ်မှာ ရစ်ပတ် ထပ်ထားတဲ့ Pose မျိုးနဲ့ ရိုက်ထားတာပါ။Follower အများစုကတော့ Photoshop ပြင်တာ တစ်ခုခု တော့ လွဲနေပြီဆိုပြီး ပုံကို ဝေဖန်ပြောဆိုနေကြပါတယ်။

READ
လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ သီချင်းနဲ့ ချစ်စရာကောင်းနေတဲ့ သွန်းဆက်ရဲ့ ဗီဒီယိုဖိုင်
Image:IG/ kendallandkylie

Kylie Jenner ကတော့ အသက် (၂၂)နှစ်ပဲရှိပါသေးတယ်။ American media personality, model, businesswoman တစ်ယောက် အဖြစ် ရပ်တည်နေပြီး သူမရဲ့ Kylie Cosmetics က အရမ်းအောင်မြင် ပြီး ဘီလီယံနာ ဖြစ်လာခဲ့တာပါ။လက်မထပ်ရသေးပေမယ့် Travis Scott  နဲ့တွဲပြီး သမီးလေးတစ်ယောက် ရခဲ့ပါတယ်။ Kendall ကတော့ အသက် (၂၃)နှစ်ပါ။အောင်မြင်တဲ့ စူပါမော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။

READ
ပရိသတ်တွေထင်ထားတာထက် ပိုကြမ်းခဲ့တဲ့ နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ရဲ့ သီချင်းဗီဒီယို
Image:IG/ kendall
Image:IG/ kendallandkylie

Source:Dailymail

SHARE