ရုံးခန်းငှားခ မပေးလို့ သတိပေးစာ အကပ်ခံထားရတဲ့ Kendall နဲ့ Kylie Jenner

Kendall နဲ့ Kylie တို့ကတော့ အသက်ငယ်ငယ်နဲ့ အောင်မြင်နေကြတဲ့ ဆယ်လီညီအစ်မတွေပါ။ နာမည်ကြီးပြီး ငွေကြေး ပြည့်စုံတဲ့ သူတို့နှစ်ယောက်ကတော့ အခန်းငှားရမ်း ခပေးဖို့ ပျက်ကွက်ခဲ့လို့ သတိပေးစာ ကပ်ခံထိခဲ့ပါတယ်။ ငှားခပေးဖို့ ပျက်ကွက်တဲ့ အတွက်လည်း ဒဏ်ကြေးငွေ အများကြီး ပေးဆောင်ရတော့မှာပါ။ မတ်လ(၇)ရက်နေ့တုန်းက ဥပဒေ အရ နှင်ထုတ်ထားတဲ့ သတိပေးစာကို နယူးယော့ခ် ရုံးခန်းတံခါးမှာ ကပ်ခံခဲ့ရတာပါ။ Clothing line ရဲ့ ရုံးခန်းငှားခကို မပေးခဲ့တဲ့အတွက် အခုလို စာကပ်ခံရတာပါ။

Kardashians stars တွေပေးဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ငွေကြေးပမာဏကတော့ ($57,000 )ပါ။ reality stars နှစ်ယောက်ဖြစ်တဲ့ သူတို့ရဲ့ ပိုင်ဆိုင်ချမ်းသာမှု တန်ဖိုးဟာဆိုရင် ($68)သန်းရှိပါတယ်။ Kendall + Kylie clothing line စီးပွားရေးကိုတော့ (၂၀၁၅)မှာစခဲ့တာပါ။ သတိပေးစာကိုတော့ သူတို့နှစ်ယောက်ရဲ့ ရုံးခန်းတည်ရှိရာ (၇)လွှာ အခန်းရှေ့မှာ ကပ်ထားတာပါ။

READ
ပုံအသစ်လေးတွေတင်လိုက်တဲ့ ရွှေမှုံရတီ

“ငှားရမ်းသူဟာ Landlord ကို ငှားရမ်းခ အကြွေးတင်နေပါတယ်။ ဒီဇင်ဘာ (၁)ရက် (၂၀၁၇)မှ မတ်(၁)ရက် (၂၀၁၈) အထိပါဖြစ်ပြီး ‘$53,395.54’. ပေးဆောင်ရမှာ ဆိုပြီး စာကပ်ထားတာပါ။ ငါးရက်အတွင်း ပေးဆောင်ရမယ့် အကြွေးကို အကုန်လာပေးဖို့ (သို့)  အဆောက်အအုံ ကို Landlord သို့ ပြန်အပ်နှံဖို့ စာကပ်ထားတာဖြစ်ပါတယ်။ လောလောဆယ်တော့ သူမတို့ဘက်က ဘာမှ မတုန့်ပြန်သေးပါဘူး။

from dailymail

SHARE