လူအာရုံစူးစိုက်စရာ ဖက်ရှင်တစ်မျိုးနဲ့ ပွဲတက်ခဲ့တဲ့ Kendall Jenner

အမေရိကန် မော်ဒယ်၊ တီဗီအစီအစဉ် ဆယ်လီတစ်ဦးဖြစ်သူ Kendall Jenner ကတော့ တစ်ကိုယ်တည်းလည်း ကမ္ဘာကျော်သလို ညီအစ်မတွေဖြစ်တဲ့ Kim Kardashian တို့ Kylie Jenner တို့နဲ့လည်း တွဲဖက်နာမည်ရသူပါ။ သူမဟာ ပြီးခဲ့တဲ့ သောကြာနေ့က Harper’s Bazaar ဖက်ရှင်မဂ္ဂဇင်းက ပြုလုပ်ကျင်းပတဲ့ Harper’s Bazaar Icon ပွဲကို တက်ရောက်ခဲ့ပါတယ်။

Pap Nation/ Splash News

အဆိုပါပွဲပြီးနောက် 1OAK နိုက်ကလပ်မှာ ဆက်ကျင်းပတဲ့ afterparty ကိုလည်း ထိုသောကြာညနေက ထပ်တက်ရောက်ခဲ့ပါတယ်။ (၂၂) နှစ်အရွယ် Kendall ဟာဆိုရင် ပွဲတက်ဝတ်စုံအနေနဲ့ သူမရဲ့ ရုပ်တုတစ်ရုပ်လို လှပကျော့ရှင်းလှတဲ့ ခန္ဓာကိုယ်ကို အမြင်ဆန်းဆန်း ခပ်ဟော့ဟော့ အနက်ရောင် ဝတ်စုံနဲ့ အလှဆင်ခဲ့ပါတယ်။ ပါးလွှာလွန်းတဲ့ အနက်ရောင် ဝတ်စုံက သူမရဲ့ အတွင်းခံ ဘရာနဲ့ ဘောင်းဘီတို့ကို အတိုင်းသား ထင်းထင်းရှင်းရှင်းကို မြင်စေတဲ့ ဖက်ရှင်ဖြစ်ပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကိုလည်း ခံခဲ့ရတဲ့ ဖက်ရှင်ဖြစ်ခဲ့ပါတယ်။

READ
ကင်ဆာရောဂါသည် ကလေးလေး(၂)ဦးကြောင့် ငိုခဲ့ဖူးတဲ့ Chadwick Boseman
Pap Nation/ Splash News
Pap Nation/ Splash News

Kendall ဟာ afterparty ပွဲမတိုင်ခင် တကယ့်ပွဲမှာတော့ အနက်ရောင် လက်ရှည်ဝတ်စုံနဲ့ ကော်ဇောနီထက်ကနေ ပွဲတက်ခဲ့ပါတယ်။ ထိုပွဲကို သူမရဲ့ သူငယ်ချင်း ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Gigi Hadid နဲ့ Bella Hadid တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ Bella ဆိုရင်လည်း Kendall afterparty မှာ ဝတ်တဲ့ ဝတ်စုံမျိုးဖြစ်တဲ့ အထဲကို ထွင်းဖောက်မြင်နေရတဲ့ ဝတ်စုံမျိုးနဲ့ပဲ တက်ရောက်ခဲ့တာပါ။ ပရိသတ်အချစ်တော် မော်ဒယ်မမတို့ရဲ့ Harper’s Bazaar Icon ပွဲက ဖက်ရှင်အဆန်းတွေကို တင်ပြလိုက်ရပါတယ်..။

Just Jared
Stephen Loveking/ REX/ Shutterstock
Just Jared

Ref: Dailymail

SHARE