ကယ်လီဖိုးနီးယားမှာရှိတဲ့ Kendall Jenner ရဲ့ ဒေါ်လာ (၈.၅)သန်း တန် အိမ်ကြီး

Image:IG/Kendall /Trulia

Kendall Jenner  ကတော့ နာမည်ကြီး စူပါ မော်ဒယ် တစ်ယောက်ပါ။အရမ်းမိုက်တဲ့ အရပ် အ မောင်းနဲ့ Body အချိုးအစားတို့ကို ပိုင်ဆိုင်ထားတဲ့ အမိုက်စားေ မ်ာဒယ် မ လေး ရဲ့ ကယ်လီ ဖိုး နီယားမှာရှိတဲ့ အိမ်ကြီး  အကြောင်းကိုတော့ Mirror မှာ ဖော်ပြ ထားပါတယ်။အဲ့ဒီ အိမ်ကြီး ကတော့ Mediterranean  စတိုင် ဗိသုကာ လက်ရာတွေနဲ့ ဖန်တီးထားတဲ့ အိမ်ကြီးပါ။Beverly Hills မှာ ရှိတဲ့ အဲ့ဒီ အိမ်ကြီး ကတော့ အပြင်က ကြည့်ရင် အ၀ါရောင်နဲ့ အိမ်အို ကြီး တစ်လုံးနဲ့ တူ ပါတယ်။လက်ရှိ ခေတ်ထက် ခေတ်ဟောင်း  အ ငွေ့ အသက် တွေ ပြည့် နေပါတယ်။

 

View this post on Instagram

 

backstage at @versace by @gregswalesart

A post shared by Kendall (@kendalljenner) on

ဒါပေမယ့် အိမ်ကြီးရဲ့ အတွင်းပိုင်းမှာ တော့ ဈေးကြီးတဲ့ အသုံး အဆောင် ပစ္စည်းတွေ အများကြီးကို သုံး ထားပါတယ်။ ဇာတ်ကားကြည့်တဲ့ အခန်း၊အိမ် ရှေ့ မှာလည်း ရေပန်း တစ်ခု ရှိပါတယ်။အဲ့ဒီအိမ် ကြီး မှာတော့ သူမ တစ်ယောက် တည်း နေတာပါ။အိမ်ကြီးရဲ့ တန်ဖိုး ကတော့ အမေရိကန် ဒေါ်လာ (၈.၅)သန်း တန် ကြေးရှိပါတယ်။

READ
ပရိသတ်ရှေ့ရောက်လာအုံးမယ့် Stephen Chow ရဲ့ Kung Fu Hustle 2

အသက် (၂၄)နှစ်ပဲရှိသေးတဲ့ Kendall Jenner  ရဲ့ အိမ် ကြီး မှာ ဆိုရင်တော့ အိပ်ခန်း ငါးခန်း ရှိပါတယ်။အိမ်ကြီးရဲ့ အတွင်းပိုင်းမှာတော့ ရုပ်တု တွေ လည်း အများ ကြီးရှိပါတယ်။ရေကူးကန်၊ တင်းနစ်ကွင်း၊အပြင်ဘက်မှာ ကစားလို့ ရတဲ့ နေရာ တို့ လည်း ပါ ရှိပါတယ်။

အခန်း တွေလည်းအများကြီးရှိပါတယ်။မီးဖို ခန်းနဲ့ ဧည့်ခန်း ကလည်း တစ်ယောက် တည်း နေတဲ့ သူမ အတွက် တော့ အရမ်းကျယ်ပါတယ်။ဧည့်ခန်းမှာဆိုရင်လည်း ဈေးကြီးတဲ့ အသုံး အဆောင် ပစ္စည်းတွေကိုပဲ သုံးထား ပါတယ်။

ရေချိုးခန်း က တော့ တခြား ဆယ်လီ တွေရဲ့ မြင် နေ ကျ ရေချိုး ခန်းမျိုးနဲ့ လုံးဝ မတူပါဘူး။မှန်အကြီးကြီး၊မီးဆိုင်း တွေနဲ့ ပြင်ဆင်ထားပုံ က တော့ ရှေး ဟောင်းအိမ် တစ်လုံးရဲ့  အငွေ့ အသက်တွေ အပြည့်ပါ နေပါတယ်။

READ
Sulli နဲ့ရိုက်ခဲ့တဲ့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေအကြောင်း ပြန်ပြောပြခဲ့တဲ့ Kim Soo Hyun

SHARE