Kendall Jenner ရဲ့ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီး

Image:IG/Architectural Digest/Kendall

Kendall Jenner က တော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက် ပေးဖို့ မလိုတဲ့ ကမ္ဘာ ကျော် စူပါ မော်ဒယ်ပါ။သူမ က တော့ နာမည်ကြီး Kardashian/Jenner  မိသားစုဝင် တစ်ယောက်ပါ။သူမရဲ့ အိမ်ကြီးကို တော့  Architectural Digest နဲ့ ရိုက်ကူးရေးမှာ ထုတ်ပြ လိုက်ပါတယ်။ဘယ်လောက်ထိ ခမ်းနားတဲ့ အိမ်ကြီးမှာ သူမ နေ နေ လဲ ဆိုတာ ကို တော့ Daily Mail မှာ ခုလို ဖော်ပြထားပါတယ်။

သူမရဲ့ အသက်က တော့ (၂၃)နှစ်ပါ။အသက်ငယ်သေး ပေမယ့် အောင်မြင်တဲ့ စူပါ မော်ဒယ် တစ်ယောက် အဖြစ် နဲ့ ရပ်တည် နေတဲ့ သူမဟာ Tea အရမ်းကြိုက်သူတစ်ယောက် ပါ။အရင် ဆုံး သူမရဲ့ ရေချိုး ခန်း ကို ကြည့် မယ်ဆိုရင် တော့ ရွှေ Bath Tub ကို တွေ့ရမှာပါ။အဲ့ဒီမှာ တော့ တစ်ပတ် ကို သုံးကြိမ် လောက် ရေ စိမ် ချိုး ပါတယ်။

Image:IG/Architectural Digest

သူမရဲ့ အိပ်ခန်း နားက ဧည့်ခန်းထဲမှာ ကြည့်လိုက်ရင်ေ တာ့ ပန်းရောင်နီ နွန် နဲ့ ဖော်ပြ ထားတဲ့ အမျိုးသား အင်္ဂါ အတိုင်းအတာ တွေ ကို တွေ့ရမှာပါ။ဧည့်ခန်းထဲမှာ တော့ TV မထားပဲ သူမရဲ့ ဧည့်ခန်းကို ဆေးရောင် တွေ နဲ့ ပဲ ခြယ်သ ထားပါတယ်။ရေ နွေးငွေ့ ချွေးထုတ်ခန်း လည်း ရှိပါတယ်။

အဲ့ဓီအ ခန်းမှာေ တာ့ အလုပ် အများဆုံး လုပ်ဖြစ် တယ်လို့ ဆိုပါတယ်။ မျက်နှာကျက်က မြင့်တော့ တခြား အခန်းတွေ ထက် အဲ့ဒီအခန်းမှာပဲအလုပ်ပို လုပ်ဖြစ်တာပါ။နံရံ ပေါ်က နီနွန် သင်္ကေ တ တွေ က  အ မေရိကန် ဒေါ်လာ (၁၃၀,၀၀၀) လောက် တန်တယ်လို့ လည်း ပြောခဲ့ပါတယ်။

READ
ချစ်စရာဖက်ရှင်လေး ပရိသတ်တွေကို အချစ်ပိုစေတဲ့ စိုးပြည့်သဇင်
Image:IG/Architectural Digest

သူမကိုယ်တိုင်လည်း ဒါက အမျိုးသားအင်္ဂါ အတိုင်းအတာ တွေကို ရေးထားတယ်လို့ ထင်  ကြောင်း ပြောခဲ့ပါတယ်။အဲ့ဒါ က တော့ (၁၉၉၉)ခုနှစ်တုန်းက Tracey Emin ရဲ့ လက်ရာ ဖြစ်ပြီး သူ့ရဲ့ Ex ရဲ့ အတိုင်းအတာ  လို့  ဆိုပါတယ်။

 

View this post on Instagram

 

My favourite shots from KJ for AD

A post shared by HARRIET CRAWLEY (@harrietcrawley) on

အိပ်ခန်းထဲမှာတော့ ရေ နွေးအိုးလေးကို  တွေ့ရမှာပါ။သူမ က လက်ဖက်ရည် Tea အရမ်းကြိုက်တဲ့ လူ လို့ ၀န် ခံ ခဲ့ပါတယ်။ကော်ဖီ မသောက်ပဲ သူမက လက်ဖက်ရည်ကိုပဲ သောက်တာပါ။ဒါ့အပြင် သူမရဲ့ အိမ်မှာ အ ရောင် စုံ light sculpture  တစ်ခု ရှိပါတယ်။နာမည်ကြီး Artist တစ်ယောက် ဖြစ်တဲ့ James Turrell ရဲ့ ဒီဇိုင်း လက်ရာ ပါ။သူ့ရဲ့ Glass စီးရီး တွေဟာ ဆိုရင် အ မေရိကန် ဒေါ်လာ ငါးသိန်း နဲ့ (၇)သိန်းခွဲ လောက်ရှိပါတယ်။

READ
တစ်ချိန်က လူတိုင်းနီးပါး အလွတ်ရလောက်အောင် သဘောကျခဲ့ကြတဲ့ တီဗွီ ကြော်ငြာများ

မီးဖိုချောင်ကို ကြည့်မယ်ဆိုရင်လည်း အနုပညာ လက်ရာ မြောက် စွာ ဖန်တီးထားတာကိုလည်း တွေ့ ရပါတယ်။”ဒီ နေရာမှာ ကျ မ စားဖိုမှူး ဂိမ်း ဆော့တယ်၊ကျမ က ချက်တဲ့ ပြုတ်တဲ့ နေရာမှာေ တ်ာတယ်..” ဆိုပြီး ပြော ခဲ့ပါတယ်။

ခြံ ထဲမှာ ကြည့်မယ်ဆိုရင် လည်း ရေ ကူး ကန် နဲ့ hot-tub  လည်း ရှိ နေပါတယ်။သူမရဲ့ အိပ်ခန်း တံခါး ရွက် တွေ မှာ ဆိုရင် (၁၈)ရာစု တုန်းက အီတလီ ဆေး ပန်းချီ ပုံတွေ ခြယ်သ ထားတာကို တွေ့ရပါတယ်။

#SHWEMOM

SHARE