နှင်းတောထဲ အမြီးတွေခဲနေတဲ့ ကြောင်လေးတွေကို ကော်ဖီပူပူနဲ့ ကယ်ပေးခဲ့တဲ့ အမျိုးသား

facebook/Kendall Diwisch

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှာ ကြောင်လေး (၃) ကောင်ကို နှင်းတောတစ်ခုထဲ တွေ့ခဲ့ရပါတယ်။ သနားစရာကြောင်ပေါက်လေးကို ဘယ်သူက စွန့်ပစ်သွားမှန်း မသိပါဘူး။ ရာသီဥတုအေးလွန်းလို့ ကြောင်လေးတွေရဲ့ အမြီးနဲ့ ခြေချောင်းလေးတွေတောင် ရေခဲပေါ်မှာ ခဲနေပါပြီ။ ဒါပေမယ့် သူတို့လေးတွေက ကံကောင်းပါတယ်။ ကြောင်လေးတွေကို ကန်ဒဲလ်ဒီဝစ်ခ်ျဆိုသူ ကနေဒီးယန်း ရေနံအလုပ်သမားတစ်ဦးက တွေ့ပြီး ကယ်လိုက်နိုင်ခဲ့တာကို news18.com အရ သိရပါတယ်။

ကြောင်လေးသုံးကောင်ထဲက တစ်ကောင်ကိုတော့ ကန်ဒဲလ်က လွယ်လွယ်ကူကူပဲ ရေခဲပေါ်ကပ်နေတဲ့ အမြီးလေးကို ဖယ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ထပ် (၂) ကောင်ရဲ့ အမြီးကတော့ ရေခဲမှာတော်တော်ကြီး ကပ်နေလို့ လုံးဝဖယ်လို့ မရပါဘူး။ ကြောင်လေးတွေ လွတ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ကန်ဒဲလ်က အကြံတစ်ခုရပါတယ်။

Posted by Kendall Diwisch on Wednesday, January 22, 2020

သူက ကားထဲကို ပြန်သွားပြီး ကားထဲကနေ ကော်ဖီပူပူတစ်ခွက်ကို ယူလာလိုက်ပါတယ်။ ပြီးတော့ ကြောင်လေးတွေရဲ့ ရေခဲနေတဲ့ အမြီးနေရာတွေကို ကော်ဖီပူနဲ့ ဂရုတစိုက် လောင်းချလိုက်ပါတယ်။ အခုဆိုရင်တော့ ကြောင်မြီးလေးတွေကို ရေခဲနေတဲ့ထဲက ဖယ်ထုတ်လို့ ရသွားခဲ့ပါပြီ။ ကန်ဒဲလ်က ကြောင်လေးသုံးကောင်စလုံးကို အိမ်ခေါ်လာပါတယ်။ သူ့အိမ်မှာပဲ ကျွေးမွေးစောင့်ရှောက်ထားလိုက်ပါတယ်။

So today I found these three fellows on one of the back roads near one of my wells. Most likely dropped off. Poor things…

Posted by Kendall Diwisch on Wednesday, January 22, 2020

ဒီဗီဒီယိုလေးကို ကန်ဒဲလ်ကိုယ်တိုင် ဖေ့စ်ဘုတ်ပေါ်တင်ထားခဲ့တာပါ။ ကန်ဒဲလ်က ကြောင်လေးတွေကို မွေးစားမယ့်သူများရှိခဲ့ရင် သူ့ဆီ ဆက်သွယ်ပါဆိုပြီး ဖော်ပြခဲ့ပါတယ်။ မကြာခင်မှာပဲ ကန်ဒဲလ်က ပို့စ်တစ်ခု အသစ်ထပ်တင်ပြန်ပါတယ်။ အဲ့ဒီပို့စ်မှာတော့ ကြောင်လေးတွေက အခုဆိုရင် ၄င်းတို့ကို မွေးစားတဲ့ အိမ်သစ်ဆီ ရောက်သွားခဲ့ပြီး မိသားစုတစ်ခုနဲ့အတူ (၃) ကောင်စလုံးအတူတူ နေထိုင်နေတယ်လို့ သိရပါတယ်။

Posted by Kendall Diwisch on Sunday, January 26, 2020

လင်းလင်း (ShweMom)

SHARE