နာမည်ကျော် ရက်ပ်ပါ Tupac နဲ့ နာမည်တူ စားဖိုမှူးတစ်ယောက်ရဲ့ ဟာသဆန်ဆန်ဖြစ်ရပ်

[email protected]_Lewis_ [email protected]

Hiphop သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ရက်ပ်ပါတွေ မှန်သမျှ Tupac Shakur ကို သိကြပြီး ဖြစ်မှာပါ။ Tupac ကို မသိရင်တော့ ရက်ပ်သီချင်းတွေကို ဆက်နားမထောင်ဖို့ပဲ အကြံပေးချင်ပါတယ်။ တစ်ချိန်က Hiphop လောကရဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Tupac ဟာ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ လူမြင်ကွင်းကြီးထဲမှ နာမည်ကြီး အနုပညာရှင်တစ်ယောက်ဟာ သေနတ်နဲ့ပေါ်တင်ပစ်ပြီး အသတ်ခံခဲ့ရတာဖြစ်ပေမယ့် ဒီနေ့ဒီအချိန်အထိ ဒီလူသတ်မှု တရားခံကို မဖမ်းနိုင်သေးတဲ့ အမေရိကန်ရဲတပ်ဖွဲ့တွေရဲ့ စွမ်းရည်ကတော့ ချီးကျူးစရာပါပဲ။ အခုလည်း အမေရိကန်နိုင်ငံရှိ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးဟာ Tupac Shakur အမည်ရတဲ့ အမျိုးသားတစ်ယောက်ကို ရုပ်သံအစီအစဉ်တစ်ခုမှာ တရားဝင်တောင်းပန်ခဲ့ရကြောင်း Ew.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

“When the pressure’s on, THUG LIFE.” #2PAC #Tupac #THUGLIFE

A post shared by Tupac Shakur (@2pac) on

လက်ရှိအမေရိကန်နိုင်ငံမှာ COVID 19 ကြောင့် လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်နေခဲ့ရပြီး ဒီလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ လူတွေကို အမေရိကန်အစိုးရကနေပြီးတော့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လူတွေထဲမှာ အမေရိကန်နိုင်ငံ၊ Kentucky ပြည်နယ်မှာ နေထိုင်တဲ့ Tupac Malik Shakur လို့ အမည်ရတဲ့ စာဖိုးမှူးတစ်ယောက် ပါဝင်ခဲ့ပါတယ်။

READ
Gay ဖြစ်နေလို့ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ သြစတေးလျက ဆရာတစ်ဦး

ဒီလိုနဲ့ Tupac Malik Shakur ဟာ ထောက်ပံ့ကြေးထုတ်ဖို  Kentucku ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ Andy Beshear နဲ့ လူတွေ့စစ်ဆေး ခံခဲ့ရပါတယ်။ ၀န်ကြီးချုပ်က အလုပ်လက်မဲ့ စာဖိုမှူးရဲ့ နာမည်ကို မေးတဲ့အချိန်မှာ Tupac Shakur လို့ ဖြေခဲ့တာကြောင့် သူ့ကို အရူးလာလုပ်နေတယ်ထင်ပြီး ဒေါသတကြီးနဲ့ မောင်းထုတ်မိခဲ့ပါတယ်။ အဲဒီနောက်မှ Tupac တစ်ယောက် ပြန်သွားတဲ့အချိန်မှာမှ မသင်္ကာလို့ သူရဲ့ ထောက်ပံ့ကြေး တောင်းခံတဲ့ စာရွက်ကိုကြည့်လိုက်မှ အဆိုအမျိုးသားရဲ့ တကယ့် နာမည်အရင်းဟာ Tupac Malik Shakur မှန်း သိခဲ့ရတာပါ။

ဒါ့ကြောင့်လည်း Andy ဟာ ပြီးခဲ့တဲ့ (၁.၉.၂၀၂၀)တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Tupac Malik Shakur နဲ့ ပတ်သတ်တဲ့အကြောင်း တောင်းပန်ခဲ့ပါတယ်။ “ကျွန်တော်တစ်ကယ်မှားသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နာမည်က Tupac Shkakur ဆိုတဲ့ နာမည်ကြားတာနဲ့ ကလိန်ကကျစ် လာလုပ်နေတယ်ထင်ပြီး မောင်းထုတ်ခဲ့မိတာပါ။ ဘာကြောင့်လဲဆိုတော့ Tupac Shakur ဆိုတဲ့ နာမည်က ရှိတဲ့လူ တော်တော်ရှားပါတယ်။ အခုလည်း ကျွန်တော်ကိုယ်တိုင် Tupac Malik Shakur ဆီကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့ပြီးပါပြီ”လို့ Andy က ပြောကြားခဲ့ပါတယ်။

READ
အမျိုးသမီးတစ်ယောက်တည်းနဲ့ ပြိုင်တူချစ်ကျွမ်းဝင်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦး

 

Pyi Hein Kyaw

SHARE