အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာနဝန်ကြီး KK Shailaja အား ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို အကောင်းဆုံးတွန်းလှန်တိုက်ခိုက်ခဲ့သူအဖြစ် ကမ္ဘာတစ်ဝှန်း မှာ အသိအမှတ်ပြုနေကြောင်း storypick သတင်းစာမျက်နှာက ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း သူမဟာ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ကိုကျော်လွန်ကာ အင်္ဂလန်မဂ္ဂဇင်းတစ်ခုရဲ့ World’s Top Thinker 2020 အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။

အခုဆိုရင်တော့ အပြောင်းအလဲတစ်ရပ်အနေနဲ့ နိုဝင်ဘာလထုတ် Vogue အိန္ဒိယမဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာမှာ အနုပညာရှင်တစ်ယောက်မဟုတ်ဘဲ KK Shailaja ကိုယ်တိုင် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ သိရတာက Vogue အိန္ဒိယဟာ Kerala ပြည်နယ်မှာ ဝန်ကြီးရဲ့ကပ်ရောဂါထိန်းချုပ်မှုနဲ့ပတ်သက်လို့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဂုဏ်ပြုခြင်းဖြစ်ကြောင်းသိရပါတယ်။
“There’s no time to be scared. More than fear, I feel an enthusiasm to get involved,” says #KKShailaja, Kerala’s minister for health, social justice and women and child development. Read the exclusive interview here. #VogueWOTY2020https://t.co/vrf0mfDmUQ pic.twitter.com/YVDiTe6n4i
— VOGUE India (@VOGUEIndia) November 9, 2020
“ကြောက်ရမယ့်အချိန်မရှိပါဘူး။ အကြောက်တရားထက်စာရင် ကျွန်မဆန္ဒထက်သန်မှုပဲခံစားရတယ်။” လို့ Shailaja က Vogue ကိုပြောပြခဲ့ပါတယ်။ သူမရဲ့ ကပ်ရောဂါနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲအတွက် အပြည်ပြည်ဆိုင်ရာမီဒီယာတွေကတော့ သူမကို Coronavirus Slayer ဆိုပြီး အမည်ပေးခဲ့ကြပါတယ်။
Shailaja ဟာ ကမ္ဘာတစ်ဝှန်းလုံးက Covid-19 ကို သတိမထားမိခင်အချိန်ကတည်းက ဒီရောဂါဟာ လူသားတွေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဆိုတာ သိခဲ့တာပါ။ အခုလိုအခြေအနေမျိုးကို Shailaja ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက တွေ့ကြုံလာခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကလည်း Nipah ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အောင်မြင်စွာနဲ့ ထိန်းချုပ်နိုင်ခဲ့တဲ့သူပါ။
Vogue India praises KK Shailaja teacher as a Vogue Warrior. ❤️
“Meet Kerala’s Health minister who is taking the state out of the pandemic. After the Nipah virus, KK Shailaja is now leading the way in the coronavirus battle with a focus on public healthcare.”
– Vogue India pic.twitter.com/Z330bEnVxL
— Advaid അദ്വൈത് (@Advaidism) May 7, 2020
ဒါကြောင့် သူမဟာ Covid-19 ကိစ္စကို စတင်ကိုင်တွယ်ကတည်းက ထိရောက်တဲ့နည်းလမ်းတွေအသုံးပြုခဲ့ပါတယ်။ သူမရဲ့ အိုင်ဒီယာကရိုးရှင်းပါတယ်။ စစ်ဆေးတယ်၊ trace လုပ်တယ်၊ သီးသန့်ခွဲခြားနေခိုင်းတယ်၊ ပြီးတော့ အားပေးထောက်ပံ့မှုတွေလုပ်တယ်။ ဒီနည်းလမ်း ၄ခုကို အသုံးချခဲ့တာ ဖြစ်ပါတယ်။ Shailaja ရဲ့နည်းဗျူဟာကြောင့် Kerala မှာ ပထမဆုံးအကြိမ်လူသေဆုံးမှုကစလို့ ရက် ၁၀၀အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ လုံးဝကျဆင်းသွားခဲ့ပါတယ်။ ဒါ့ပြင် Kerala ပြည်နယ်ဟာ ကမ္ဘာပေါ်မှာ ပြန်လည်ထူထောင်မှုအမြန်ဆုံး recovery rate အများဆုံးဖြစ်တဲ့နေရာဖြစ်ကြောင်းလည်း သိရပါတယ်။
ShweMom