သွေးအလှူရှင်တွေ များလွန်းလို့ ဆေးရုံကတောင် ပြန်ပြီး မေတ္တာရပ်ခံခဲ့ရတဲ့ ဖြစ်ရပ်

Twitter- @@alindaMjan

ပြီးခဲ့တဲ့  သောကြာနေ့တုန်းက အိန္ဒိယလေကြောင်းလိုင်း Air India Express လေယာဉ်ဟာ Kerala မှာ ညဖက်ကြီးပျက်ကျသွားခဲ့ပါတယ်။ လူပေါင်း ၁၉၀ ပါဝင်နေကာ ၁၈ ဦးသေဆုံးခဲ့တယ်လို BBC မှာ ဖတ်လိုက်ရပါတယ်။ လေယာဉ်ပျက်ကျတဲ့အကြောင်းအရင်းကတော့ Kerala မှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အချိန် ရာသီဥတုကြောင့် ပျက်ကျခဲ့ရတယ်လို့တော့ ထုတ်ပြန်ထားခဲ့ပါတယ်။

လေယာဉ်ပျက်ကျခြင်းကြေင့်ပဲ အိန္ဒိယပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ပေါ်ထင်စွာတွေ့လိုက်ရပါတယ်။

အခုလို လေယာဉ်ပျက်ကျတဲ့ သတင်းလည်းကြားရော Kerala ဒေသခံတွေဟာ ဆေးရုံကြီးကို အပြေးရောက်လာခဲ့ပါတယ်တဲ့။ ကိုဗစ်လည်းဖြစ်နေတာတောင်မှပဲ ကူညီလိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စွန့်စားစားရောက်လာခဲ့ကြတာပါ။ Mask တွေလည်းတပ်၊ လက်အိတ်တွေလည်း စွတ်နဲ့ပေါ့။ ဘာလာလုပ်ကြတာလဲဆိုတော့ သွေးလာလှူတာပါတဲ့။

လေယာဉ်ပျက်ကျပြီး ဒဏ်ရာရသူတွေအနေနဲ့ အခုလို သွေးလှူတဲ့လူ ရှားပါးနေချိန်မှာ သွေးလိုပြီး သေဆုံးမှုတွေမဖြစ်အောင် ပြည်သူတွေဟာ အလိုက်တသိနဲ့ သွေးတွေကို လာလှူခဲ့ကြတာပဲဖြစ်ပါတယ်။

 

ဒီအပြင် လေဆိပ်မှာလည်း လေယာဉ်ပျက်ကျမှုကြောင့် တခြားလေယာဉ်တွေပါ ထွက်မရဖြစ်ပြီး လူတွေလည်း အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ကြပါတယ်။ ဒါကိုလည်း Kerala က ပရဟိတအဖွဲ့တွေက  အစားအသောက်တွေကို သေသေသပ်သပ်တွေထုတ်ပိုးပြီး လာရောက်လှူဒါန်းခဲ့ကြပါတယ်လို့ Twitter မှာ သတင်းတွေတက်နေခဲ့ပါတယ်။

READ
အချစ်အတွက် တူနှစ်ကိုယ်ရေထဲခုန်ချရာမှ ဖွတ်တွေ့၍ ရေနစ်သွားသည့်ဖြစ်ရပ်

 

မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှမပါဘဲ အခုလို ပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ အချင်းချင်းရိုင်းပင်းကူညီကြတာကိုကြည့်ရတာ တကယ့်ကို ကြည်နူးဖွယ်ကောင်းနေပါတော့တယ်။

READ
ဆိုင်ကိုလာတဲ့ customer တိုင်းကို ထူးဆန်းတဲ့ ဦးထုပ်ကြီးတွေ ပေးခဲ့တဲ့ ကော်ဖီဆိုင်

penny

SHARE