ဆံပင်ပုံစံကြောင့် အလုပ်(၆)ခုကနေ အငြင်းခံခဲ့ရဖူးတဲ့ မော်ဒယ်ကောင်လေးအကြောင်း

@kerion_washington/Instagram

ခေတ်တွေဘယ်လောက် တိုးတက်ပြောင်းလဲလာတယ်ပဲဆိုဆို တချို့လုပ်ငန်းခွင်တွေမှာတော့ ဝန်ထမ်းများရဲ့ ကိုယ်ရည်ကိုယ်သွေးထက် လက်မှတ်ပေါင်းစုံအပြင် ဝတ်ပုံစားပုံ၊ ပုံပန်းသဏ္ဍာန်တို့ကို အရင်ဆုံးအမြင်နဲ့ဆုံးဖြတ်ပြီးကာမှ အလုပ်ခန့်ကြတာတွေ ရှိနေဆဲပါပဲ။

အခုဆယ်ကျော်သက်လေးရဲ့ အဖြစ်အပျက်ဟာလည်း ထိုနည်းတူစွာပါပဲ။ သူကတော့ အသက် ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ Kerion Washington ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကိုတော့ Kerion ရဲ့ မိခင်ကိုယ်တိုင် Facebook ပေါ်မှာ တင်ထားခဲ့လို့ သိခဲ့ရတာပါ။

Took my son for an interview at 6 flag…he didnt get the job cuz he has locs (dreads)🙁🙁🙁…smhUpdate: my son…

Posted by Karis Washington on Saturday, 23 March 2019

မိခင်ဖြစ်သူ Karis Washington ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက နာမည်ကြီးကားအရောင်းစင်တာခွဲတစ်ခုကို ကျောင်းပြီးခါစ Kerion ကိုခေါ်ပြီး အလုပ်လုပ်ဖို့အတွက် အင်တာဗျူးဖြေရာမှာ လိုက်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီက HR မန်နေဂျာဟာ Kerion ရဲ့ဆံပင်ပုံစံကြောင့် အလုပ်ခန့်ဖို့ သူ့အနေနဲ့ အဆင်မပြေဘူးလို့ဆိုတာ ငြင်းလွှတ်ခဲ့ပါတယ်။

Karis ဟာလည်း သားဖြစ်သူဒီလိုခွဲခြားဆက်ဆံခံရတဲ့အတွက် မခံနိုင်တာကြောင့် လုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေကို ဖတ်ကြည့်လိုက်တဲ့အခါ ကျစ်ဆံမြီးပဲဖြစ်ဖြစ်၊ ဆံပင်အရှည်ကိုပဲဖြစ်ဖြစ်၊ Kerion အခုကျစ်ထားတဲ့ dreadlocks တွေပဲဖြစ်ဖြစ် အင်္ကျီကော်လံအောက် ၂ လက်မ ရှည်မနေရင်၊ သို့မဟုတ် ဦးခေါင်းအပေါ်ကို ၂ လက်မထောင်တက်မနေခဲ့ရင်၊ တက်တူးနဲ့ နားပေါက်ကလွဲပြီး ကျန်တဲ့ခန္ဓာကိုယ်မှာ အပေါက်ဖော်ထားတာတွေ ရှိမနေခဲ့ဘူးဆိုရင် စည်းမျဉ်းနဲ့ကိုက်ညီပါတယ်ဆိုတာ သွားတွေ့ခဲ့ပါတယ်။ အဲဒါကြောင့် သူမအမေနဲ့ ကုမ္ပဏီရဲ့နာမည်ကိုတပ်ကာ အများသိအောင် Facebook မှာ Post တင်ရေးသားခဲ့တာပါ။

READ
နှစ်ထပ်ဘက်စ်ကားနဲ့ အရှိန်ပြင်းပြင်းဝင်တိုက်မိပေမယ့် အသက်မသေတဲ့ အမျိုးသား

Post တက်တက်ပြီးချင်းမှာပဲ HR မန်နေဂျာဆိုသူက ကျစ်ဆံမြီးတော့အဆင်ပြေပြီး Kerion လိုမျိုး dreadlocks ကျတော့ လုပ်ငန်းနဲ့ဆိုင်ရင် အနည်းငယ်လွန်ကျူးလွန်းနေတာကြောင့် dreads မရှိတဲ့အခါကျ အချိန်မရွေးလာရောက် အလုပ်လုပ်နိုင်တယ်လို့ ဖုန်းဆက်လှမ်းပြောခဲ့ပါတယ်တဲ့။

ဒါပေမဲ့ Kerion ကတော့ သူ့ရဲ့ dreadlocks တွေကိုလည်း မဖြုတ်သလို အဲဒီအလုပ်ကိုလည်း ခြေဦးတောင်မလှည့်ခဲ့တော့ဘဲ အခုအချိန်မှာတော့ မော်ဒယ်တစ်ဦးဖြစ်နေခြ့ပီလို့ Buzzfeed မှ ဖော်ပြချက်အရ သိခဲ့ရပါတယ်။ Jones Model Management နဲ့ စာချုပ်ချုပ်ဆိုခဲ့လိုက်ပြီး ပြီးခဲ့တဲ့အပတ်မှာပဲ Kerion အတွက် ပထမဆုံးသောဓာတ်ပုံရိုက်ကူးရေးကို စတင်ခဲ့ပါတယ်။

ဘယ်တုန်းကမှလည်း မော်ဒယ်အဖြစ် ရပ်တည်ဖို့ကို စိတ်ကူးမထားမိခဲ့တဲ့ Kerion အတွက် ကင်မရာရှေ့မှာ ပိုစ့်ပေါင်းစုံပေးပြီး ဓာတ်ပုံအရိုက်ခံရတာဟာ စစချင်းမှာတော့ သိပ်ကိုကသိကအောက်နိုင်လွန်းခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့လည်း ရခဲလှတဲ့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံတော့ဘဲနဲ့ အတတ်နိုင်ဆုံးသော ကြိုးစားပြင်ဆင်ခဲ့ပြီးနောက်မှာတော့ ဒါဟာယခုလက်ရှိ Kerion ပါ။

အာဖရိကန်-အမေရိကန်လူမျိုးများရဲ့ မွေးဆံပင်တွေဟာ ကျွန်တော်တို့လိုမျိုး သာမန်ရိုးရိုးဆံပင်တွေမဟုတ်ကြဘဲ တွန့်လိမ်ကာဖွာလွန်တဲ့အတွက် ကျစ်ဆံမြီးတွေ၊ dreadlocks တွေနဲ့မြင်ရတာဟာ အဆန်းမဟုတ်တော့ပါဘူး။ ဒါဟာ သူတို့ရဲ့နဂိုဆံပင်လို ဖြစ်နေခဲ့ပါပြီ။ Kerion ရဲ့ အဖြစ်ကိုကြည့်ပြီး ကျဆုံးခြင်းဆိုတာ အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းရဖို့ရှိတယ်ဆိုတာ သက်သေပြနေသလိုပါပဲ။

Penny

SHARE