ယာဉ်မတော်တဆမှုကနေ သက်သာလာပြီ ဖြစ်ကြောင်း အသိပေးလိုက်တဲ့ Kevin Hart

Instagram/Kevin Hart

Kevin Hart ဆိုတဲ့ မင်းသားတစ်လက်ဟာ မြန်မာရုပ်ရှင်ကြည့်သူတွေအတွက်တော့ စိမ်းလှတဲ့ မင်းသားတော့ မဟုတ်ပါဘူး။ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kevin Hart ဟာ ဟိုးအရင်ကတည်းက ရုပ်ရှင်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အခု နှစ်တွေမှာတော့ Central Intelligence ၊ Hobbs And Shaw ၊ Jumanji: Welcome to the Jungle စတဲ့ ရုပ်ရှင်တွေမှာ မင်းသားကြီး The Rock နဲ့ အတူ အပေးအယူညီမျှစွာနဲ့ သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Instagram/Kevin Hart

စက်တင်ဘာ ၁ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ၊ Calabasas မြို့မှာ Kevin Hart နဲ့ အဖော်တစ်ယောက်ဟာ ကားမောင်းလာစဉ်မှာ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူနဲ့အတူလိုက်ပါလာတဲ့ အဖော်ကတော့ Jared Black ဆိုတဲ့သူဖြစ်ပြီး ကားကို သူပဲ မောင်းနှင်းလာခဲ့တာပါ။ ယာဉ်တိုက်မှုအကြောင်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ကားမောင်းတဲ့ Jared Black ရဲ့ ပေါ့ဆမှုကြောင့် အခုလို ယာဉ်မတော်တဆမှုဖြစ်ခဲ့ရတယ်လို့ ကယ်လီဖိုးယားပြည်နယ်အစိုးရက တာဝန်ရှိသူတွေက ကောက်ချက်ချခဲ့ပါတယ်။ မောင်းလာခဲ့တဲ့ ကားဟာ ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီး Kevin Hart နဲ့ Jared Black တို့ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။အဆိုပါ သတင်းဟာ အင်တာနက်တစ်ခွင်မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး Kevin Hart အတွက်လည်း သူ့ပရိသတ်တွေက စိတ်ပူနေခဲ့ကြပါတယ်။ မင်းသားကြီး Dwayne Johnson ကတော့ သူ့သူငယ်ချင်းမိတ်ဆွေရှိရာ ဆေးရုံကို အရောက်သွားပြီး အားပေးခဲ့ပါတယ်။ ဆေးရုံပေါ်မှာ ရက်တော်တော်ကြာကြာနေခဲ့ပြီးချိန်မှာတော့ Kevin Hart ဟာ အခုဆို ပြန်လည်သက်သာလာပါပြီ။

ပြန်သက်သာလာပြီဆိုပေမယ့်လည်း အရင်လို လူကောင်းပကတိ အခြေအနေတော့ မဟုတ်သေးပါဘူး။ ပြင်းထန်တဲ့ ကားမတော်တဆမှုကကြောင့် အရင်အတိုင်း ဖြစ်ဖို့ တော်တော်ကြိုးစားရဦးမှာဖြစ်ပြီး ကိုယ်ခန္ဓာကိုလည်း လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ထိန်းသိမ်းရဦးမှာပါ။ ဒီလို ကားမှောက်ခဲ့တဲ့ အခြေအနေကနေ အခုလို လူကောင်းပကတိဖြစ်လာဖို့အတွက် recover လုပ်နေတဲ့ အကြောင်းကို Kevin Hart ဟာ သူ့ရဲ့ IG အကောင့်မှာ တင်ရှိခဲ့ပါတယ်။

READ
ကမ္ဘာ့ထိပ်တန်း နံပါတ်တစ် ရေကူးဝတ်စုံ မော်ဒယ်အဖြစ် သတ်မှတ်ခံရတဲ့ Irina Shayk

အဲဒီဗီဒီယိုထဲမှာ သူဟာ အရင်လို အခြေအနေပြန်ရဖို့အတွက် ဆရာဝန်တွေ၊ ဆေးကုသချက်တွေ၊ ကိုယ်ခန္ဓာလေ့ကျင့်ခန်းတွေ ပြုလုပ်နေကြောင်း ပါဝင်ခဲ့ပြီး သူ ဒီလို သေတွင်းနှုတ်ခမ်းဝကနေ ပြန်ထွက်လာနိုင်တဲ့အချိန်မှာအကြောင်း၊ သူ့အတွက် အရာအားလုံးဟာ အရင်လို မဟုတ်တော့တဲ့ အရင်က သူ မြင်ထားတဲ့ အမြင်နဲ့ ကွဲပြားခြားနားစွာ မြင်လာရကြောင်းကို ပြောပြထားပါတယ်။ ဘဝအပေါ်မှာ ရှု့မြင်ထားတဲ့ အမြင်တွေဟာလည်း ပြောင်းလဲသွားကြောင်းကို ပြောပြထားပါတယ်။

ဒီအကြောင်း အပြည့်အစုံကို Kevin Hart တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ကြည့်ရှု့နိုင်ပါတယ်။

 

 

View this post on Instagram

 

A post shared by Kevin Hart (@kevinhart4real) on

YYK

SHARE