ပထမဆုံးသော မြန်မာနိုင်ငံဖွား ကေပေါ့အဆိုတော်ဖြစ်လာတဲ့ Key Lashi

Galaxy Star သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်တဲ့ Key ကတော့ လတ်တလောမှာ 1004 အနုပညာအေဂျင်စီနဲ့အတူ အလုပ်တွဲလုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာာသာမက နိုင်ငံတကာ အနုပညာရှင်တွေနဲ့ပါ အတူတွဲပြီး သီချင်းတွေကို ဖန်တီးသီဆိုနေတာဖြစ်ပါတယ်။ သူကတော့ ဒီကနေ့မှာ ပရိသတ်တွေကို သတင်းကောင်းတစ်ခုကို အသိပေးလိုက်ပြီဖြစ်ပါတယ်။

Key Lashiကတော့ ဒီကနေ့မှာ မြန်မာနိုင်ငံသား ကေပေါ့အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။ Key ကတော့ ” The Key “ဆိုတဲ့ ပွဲဦးထွက် အယ်လ်ဘမ်နဲ့ ကေပေါ့ဂီတလောကမှာ ပထမဆုံး ပွဲဦးထွက်မှာဖြစ်ပြီး အဲဒီအယ်လ်ဘမ်မှာတော့  ” Holding Me Back ” သီချင်းကို မြန်မာလိုနဲ့ အင်္ဂလိပ်လို သီဆိုထားတဲ့ သီချင်းနှစ်ပုဒ်ပါဝင်မှာဖြစ်ပါတယ်။

READ
ဘစ်ကနီနဲ့ ဆွဲဆောင်မှုတွေ လွန်ကဲနေတဲ့ အမ်မီနမ်ရဲ့ သမီးချောလေး

” Holding Me Back “သီချင်းကိုတော့ Hyolyn နဲ့ Wanna One အဖွဲ့အပါအဝင် AOMG က Rapper တော်တော်များများရဲ့ သီချင်းတွေကို produce လုပ်ပေးဖူးတဲ့ Dax နဲ့အတူ Heuktaeတို့က produceလုပ်ပေးထားတာဖြစ်ပါတယ်။ ” Holding Me Back ” သီချင်းဗီဒီယိုကိုတော့ ကိုရီးယားမှာ သွားရောက်ရိုက်ကူးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Key ကတော့ တောင်ကိုရီးယားရဲ့ Music chart တစ်ခုဖြစ်တဲ့ Melon မှာလည်း ကိုယ်ပိုင် Channel ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ ကိုရီးယားမှာရှိနေကြတဲ့ ပရိသတ်တွေလည်း Key ရဲ့ ” Holding Me Back ” သီချင်းကို Melonကနေနားထောင်ပြီးတော့ အားပေးလိုက်ပါဦးနော်။

READ
ပရိသတ်၆ယာက်ကို ပါတီပေးရန် သူ့ဟိုတယ်အခန်းကို ခေါ်သွားတဲ့ Justin Bieber

Source: Key

SHARE