BLACKPINKအဖွဲ့ရဲ့ သီချင်းဗီဒီယိုကို ကူးချထားတယ်လို့ စွပ်စွဲခံနေရတဲ့ KFC တရုတ်ကြော်ငြာ

youtube

ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ထိုင်ဝမ် သတင်းစာဖြစ်တဲ့ ET Today ကတော့ KFC China ရဲ့ Queen Mojito ကနေ အသစ်ထုတ်လိုက်တဲ့ ထုတ်ကုန်ရဲ့ ကြော်ငြာဟာ Blackpinkရဲ့ သီချင်းဗီဒီယိုဖြစ်တဲ့ “DDU-DU DDU-DU”  ကို ခိုးချထားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

allkpop

KFC ရဲ့ ထုတ်ကုန်အသစ်အတွက် ကြော်ငြာထဲမှာတော့ အမျိုးသမီးတစ်ဦးက ချက်စ်ကစားနေတဲ့ပုံကို တွေ့ရမှာဖြစ်ပြီး နောက်ခံကာလာ ပန်းရောင်ဖြစ်နေတာကအစ လွန်ခဲ့တဲ့ တစ်နှစ်က ထွက်ခဲ့တဲ့ Blackpink ရဲ့ “DDU-DU DDU-DU” သီချင်းဗီဒီယိုနဲ့ ဆင်တူနေတာဖြစ်ပါတယ်။

allkpop

တရုတ်က ပရိသတ်အချို့ကတော့ “DDU-DU DDU-DU” ထဲက Lisaနဲ့Rosé’sတို့ သရုပ်ဆောင်တဲ့ အခန်းအချို့နဲ့လည်းဆင်တူနေတယ်ဆိုတာကို ရှာတွေ့ခဲ့ကြပါတယ်။ ET Today သတင်းစာကတော့ လူပြောင်းသွားတာကလွဲ အကုန်အတူတူပဲလို့ မှတ်ချက်ရေးသားခဲ့ပါတယ်။ အခြားသော တရုတ်လူမျိုး ဝေဖန်သူတွေကလည်း “ဒီကြော်ငြာရဲ့ နောက်ခံပုံရိပ်တွေကို ကြည့်ရုံနဲ့တင် ‘DDU-DU DDU-DU’ ဆိုတာ သေချာနေပြီ။ ဒါဟာ သံသယတစ်ခုမဟုတ်တော့ဘူး။ KFC ကခိုးချထားတာပဲ”လို့ ထောက်ပြခဲ့ကြပါတယ်။

READ
သူများတွေ ဓာတ်ပုံရိုက်နေတုန်း ကောင်းကောင်းဝင်နှောက်ယှက်ခဲ့ကြတဲ့ဆယ်လီများ

Source: Allkpop

SHARE