Consoleထဲ ကြက်ကြော်ပါထည့်စားလို့ရတဲ့ KFC ရဲ့ နောက်ဆုံးပေါ်Gaming Console

twitter/kfcgaming

လွန်ခဲ့တဲ့၆လလောက်တုန်းက KFC က ပရိသတ်တွေကို ကြက်သားထည့်တဲ့အံခန်းပါတဲ့ gaming console တစ်ခုကြေညာခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ လူတွေက ဒါ KFC က စတန့်လုပ်နေတာပဲဆိုပြီး ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အံ့သြစရာက အခုတော့ အဲ့ဒီ product ဟာ အမှန်တကယ်ဖြစ်လာပါပြီ။ KFC gaming console ထဲမှာ ကြက်ထည့်ပြီးမကြော်နိုင်ပေမယ့် ကြော်ပြီးသား ကြက်ကြော်တွေကိုတော့ နွေးအောင်ထားနို်င်တယ်ဆိုပါတယ်။ ဒါပေမဲ့  ဒီပစ္စည်းကို gamer တွေအနေနဲ့ ဘယ်နေရာမှာမှာယူနိုင်မလဲဆိုတာတော့ KFC ကမကြေငြာသေးပါဘူး။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက တွစ်တစ်ခုမှာ တရားဝင် KFCGaming တွစ်တာအကောင့်က ဒီ KFConsole က အလိမ်အညာမဟုတ်ဘူး၊ တကယ့် product တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပစ္စည်းက air fryer နဲ့ဆင်ပါတယ်။ Gamer တွေအတွက် Cross platform compatibility ၊ true 4K resolution with 120 frames per second ရပါတယ်။ ဘယ်လို ဂိမ်းအမျိုးစားတွေ ပါဝင်မှာလဲ (သို့မဟုတ်) ဘယ်ဂိမ်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး ချိတ်ဆက်အသုံးပြုလို့အောင် ဖန်တီးသွားမှာလဲ ဆိုတာတော့ မကြေငြာသေးပါဘူး။

ဒါပေမဲ့ ပရိသတ်တွေကတော့ console တစ်ခုဟာ ကြက်ဘယ်လိုကြော်နိုင်မလဲဆိုပြီး စဉ်းစားနေကြပါတယ်။ KFC ကတော့ ချက်ပြီးသား ကြော်ပြီးသားကြက်ကိုပဲ အပူပေးနိုင်တာဖြစ်ပြီး Console ထဲ ဟင်းချက်လို့မရဘူးလို့တော့ ဆိုထားပါတယ်။ အခုတွေ့ရတဲ့ KFC gaming console ဟာ နောက်ဆုံးပေါ် PlayStation 5 နဲ့ Xbox Series X တို့ထွက်အပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ KFC ရဲ့တွစ်တာမန့်တွေမှာတော့ ပရိသတ်တွေက product နဲ့ပတ်သက်ပြီး သို့လောသို့လောဖြစ်နေကြသလို ပစ္စည်းမှာယူချင်သူတွေလည်း ရှိနေပါတယ်။

KFC ကတော့ မားကတ်တင်းစတန့်တွေလုပ်တဲ့နေရာမှာ တော်တော်ထင်ရှားပါတယ်။ အရင်ကလည်း KFC ကြက်ကြော် ကွန်ပြူတာကီးဘုတ်နဲ့ ကြက်ပေါင်တုံးမောက်စ်တွေ ပြုလုပ်ခဲ့ပါသေးတယ်။ ပြီးတော့လည်း KFC ကြက်ကြော်အနံ့ပါတဲ့ နေရောင်ကာလိမ်းခရင်မ်၊ ကြက်ကြော်အရသာရှိတဲ့လက်သည်းဆိုးဆေးတွေ Crocs ဖိနပ်တွေ ပြုလုပ်ခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ်မှာလည်း I Love You Colonel Sanders Dating Simulator Game အမည်ရတဲ့ တကယ့်ဂိမ်းအစစ်တစ်ခုကို ဖန်တီးခဲ့ကြောင်း news.com.au သတင်းအရ သိရပါတယ်။

READ
9/11 တုန်းက ကယ်ဆယ်ရေးလုပ်ငန်းမှာပါခဲ့ကြတဲ့ ခြေလေးချောင်းရဲဘော်လေးများ

ShweMom

SHARE