ကြက်ကြော်ဆိုင်ထဲ ချောင်းကြည့်နေတဲ့ မင်းသားဝီလျံကို troll ခဲ့တဲ့ KFC

twitter/KFC_UKI

အနာဂတ်ဘုရင်လောင်းတွေတောင် ကြက်တောင်ပံတွေကိုနှစ်သက်ပါတယ်။ မကြာသေးခင်က မင်းသားဝီလျံကို KFC ရဲ့ပြတင်းပေါက်ကနေ အထဲကိုချောင်းကြည့်နေတာတွေ့လိုက်ရပါတယ်။ ဒါကိုတော့ KFC က ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာပါ။

မင်းသားဝီလျံဟာ ဇနီးဖြစ်သူကိတ်မစ်ဒယ်တန်နဲ့ အင်္ဂါနေ့မှာ လန်ဒန်မြို့ထဲထွက်လာခဲ့တာပါ။ ကိတ်ရဲ့ Hold Still အမည်ရတဲ့ဓာတ်ပုံပရောဂျက်အတွက် ဆန်ကာတင်ရွေးချယ်ခံရသူတွေနဲ့ တွေ့ဖို့ထွက်လာခဲ့တာပါ။ Hold Still ပရောဂျက်ကတော့ ကိုရိုနာဗိုင်းရပ်စ်လော့ခ်ဒေါင်းအတွင်းက နေ့စဉ်ဘဝတွေကိုရည်ညွှန်းထားတဲ့ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံပရောဂျက်ပါ။

အပြင်ထွက်နေတုန်း ဝီလျံဟာ KFC စားသောက်ဆိုင်နားရှိရာကိုလျှောက်သွားပြီး အထဲကိုကြည့်ခဲ့ပုံပါပဲ။ ဒါကိုတော့ KFC U.K & Ireland က တွစ်တာပေါ်မှာ “William whispered quietly to himself; Oh, I just can’t wait to be wing.” ဆိုပြီး The Lion King သီချင်း “I just can’t wait to be king” နေရာမှာ အစားထိုးပြောခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာလည်း  မင်းသားဝီလျံကို “His Royal Thighness” ဆိုပြီး နောက်ပြောင်ခဲ့တာကိုလည်း foxnews ကတဆင့် သိရပါတယ်။


ShweMom

SHARE