
UFC ကြိုးဝိုင်းရဲ့ နာမည်ကြီး MMA ချန်ပီယံတစ်ဦးဖြစ်တဲ့ Khabib Nurmagomedov ကိုတော့ ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ လက်ရှိမှာတော့ Khabib ဟာ UFC လောကကနေ တရားဝင်အနားယူသွားခဲ့ပြီဖြစ်ကြောင်း ရှုံးပွဲမရှိချိန်ပီယံ Justin Gaethje ကို အနိုင်ထိုးသတ်သွားတဲ့ ကစားပွဲအပြီးမှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက အင်တာဗျူးတစ်ခုမှာ လာမယ့် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲမှာ MMA ကစားနည်း ပါဝင်လာအောင် သူ့အနေနဲ့ အစွမ်းကုန်ကြိုးစားထားဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Khabib ဟာ အခုအချိန်မှာတော့ MMA လောကကနေ အနားယူသွားခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အနားယူသွားတဲ့အတွက်ကြောင့် MMA လောကဟာ သူနဲ့ လုံးဝမသက်ဆိုင်တော့ဘူးလို့ ပြောမရပါဘူး။ ဘာကြောင့်လဲဆိုတာ့ Khabib ဟာ ဒီနေ့ဒီအချိန်အထိ MMA လောကမှာ ရှုံးပွဲလုံးဝမရှိဖူးသေးတဲ့ ချန်ပီယံကစားသမားတစ်ယောက်ဖြစ်နေတာကြောင့်ပါပဲ။ Khabib တစ်ယောက် အခုလို အနားယူခဲ့ရတဲ့ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ COVID 19 ကပ်ရောဂါကြောင့် သေဆုံးသွားတဲ့ သူ့ရဲ့ ဖခင်ကြီး Abdulmanap Nurmagomedov ကြောင့်ပဲ ဖြစ်ပါတယ်။
View this post on Instagram
Khabib တစ်ယောက် ဒီနေ့ဒီအချိန်အထိ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေအကုန်လုံးမှာ အနိုင်ရရှိခဲ့တယ်ဆိုတာကလည်း Khabib ရဲ့ ဖခင်ဖြစ်သူ Abdulmanap ဟာ Khabib ငယ်စဉ်ကတည်းက ထိုးသတ်နည်း ပညာပေါင်းစုံ သင်ပေးခဲ့ပြီး ကလေးဘဝကတည်းက ဝက်ဝံနဲ့ နပန်းလုံးခိုင်းပြီး လေ့ကျင်သင်ကြားပေးခဲ့တဲ့ Khabib ရဲ့ ဖခင်ဆရာကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုလို ဖခင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာတော့ Kabib အနေနဲ့ ဆက်လက်ထိုးသတ်ချင်စိတ် မရှိတော့တာကြောင့် MMA လောကကနေ အနားယူခဲ့တာပါ။
View this post on Instagram
“ကျွန်တော့်အနေနဲ့ MMA လောကက နှုတ်ထွက်သွားခဲ့ပြီဆိုပေမယ့် MMA လောကအပေါ်မှာ သံယောဇဉ်တော်တော် ရှိပါသေးတယ်။ ပြီးတော့ ကျွန်တော်အဖြစ်ချင်ဆုံး စိတ်ကူးက ဒီ MMA ပြိုင်ပွဲတွေကို အိုလံပစ်ပွဲတော်မှာ ထည့်သွင်းကစားစေချင်တာပဲ။ ဒါ့ကြောင့် လာမယ့် ၂၀၂၈ အိုလံပစ်ပွဲတော်မှာ ဒီ MMA ပြိုင်ပွဲတွေ ပါဝင်ကျင်းပနိုင်အောင် ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာပါ”လို့ Khabib က ESPN နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw