ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ပိုင်ဖြိုးသုအတွက် ကိုခန့်ရဲ့ အဖိုးတန်ဆုံးမစကား Comment

လူမှုကွန်ရက်ပေါ်က သူမရဲ့ ဓါတ်ပုံတွေနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသု တစ်ယောက်  ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် ခံခဲ့ရပါတယ်။မိတ်ကပ်လင်းလင်းပြင်ပေး ထား တဲ့ မိတ်ကပ်အစွမ်းနဲ့ မြင်နေကျနဲ့ မတူပဲ ပုံစံတစ်မျိုး ကွဲထွက်နေတဲ့  ပိုင်ဖြိုး သု ရဲ့ ပုံတွေအောက်မှာ ဝေဖန်ထားတဲ့ Comments တွေ ပြည့်နှက်နေခဲ့ တာ ပါ။အရင်တည်းက ရုပ်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး မကြာခဏဆိုသလို ဝေဖန်ြေ ပာဆိုတာတွေခံခဲ့ရဖူးပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏဆိုသလို တိုက်ခိုက်တဲ့ စကားတွေကို မြင်ေ န၊ကြားနေရတော့လည်း သူမရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။

“သရုပ်ဆောင်လုပ်ရင်အပြောအဆိုတော်တော်ခံရမယ်ဆိုတာသိပါတယ်….
မလှဘူး…. ဒီရုပ်ကြီးနဲ့နင်ကမင်းသမီးလုပ်ချင်တယ်…မဲသဲနေတာပဲ….နင့်ရုပ်နဲ့အဲဒီ့အိုက်တင်မျိုးလုပ်ရဲတယ် မင်းသားကိုမူနေတာသရဲမနဲ့ပဲတူတယ်….
စတဲ့ စတဲ့ ထိုးနှက်ချက်ပေါင်းများစွာကို မျက်နှာပြောင်တိုက်အားတင်းပြီး….သရုပ်ဆောင်အလုပ်ကို ကြိုးစားပြီးလုပ်နေရတာပါ…..
ပြောခံရတာတွေများတော့ စိတ်ဓါတ်ကျလွန်းမက ကျတယ်…..
တစ်ခါတစ်လေပင်ပန်းလွန်းလို့ ထွက်ပြေးချင်မိတယ်….” ဆိုပြီး ဝေဖန်သူတွေရဲ့ Comments ပုံတွေရယ်၊သူမရဲ့ ပုံတွေကိုပါ တင်ပြီး ရင်ဖွင့်ထားပါတယ်။

READ
အမေစုကို သွားကန်တော့ကြတဲ့ လင်းလင်းတို့ မိသားစု

အဲ့ဒီ post ရဲ့ အောက်မှာတော့ မင်းသားခန့်စည်သူက အားပေး၊ဆုံးစကား ပြောထားတာကိုတွေ့ရပါတယ်။

သေတဲ့အထိအသုံးဝင်တာရုပ်ရည်မဟုတ်ပါဘူး။
ဝမ်းစာ ပညာပါ။
နုနယ်ပျိုမျစ် လှပခြင်းက
ကွေကွင်းနောက်ဆုံးရှိခြေ၏။” ဆိုပြီး ရုပ်ရည်ထက် ၀မ်းစာပညာက ပိုပြီးတော့ အဓိကကျကြောင်း၊နုပျိုခြင်းက ထာဝရတည်မြဲတဲ့ အရာမဟုတ်ဘူး ဆိုပြီး  ပြောထားပါတယ်။ပိုင်ဖြိုးသုကလည်း ” ဟုတ်ကဲ့ပါ ကိုခန့်ဆုံးမသလိုစိတ်ထား တတ်အောင်ကြိုးစားပါ့မယ်” လို့ ပြန်ပြောထားပါတယ်။

ခန့်စည်သူတင်မဟုတ်ပါဘူး။တခြား အနုပညာနယ်ပယ်ထဲက မောင်နှမ၊ညီအစ်မ တွေ ကလည်း ၀ိုင်းပြီး အားပေးစကားဆိုထားကြပါတယ်။

from ပိုင်ဖြိုးသုရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE