ပရိသတ်ပေးတဲ့ ပြည်သူ့ အကယ်ဒမီဆုကို လက်ခံရရှိခဲ့တဲ့ မီနဲ့ ခီမောင်နှံ

မီ နဲ့ ခီမောင်နှံတို့ကတော့ သူတို့ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိထထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက ကျင်းကခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ မီ နဲ့ ခီတို့က အကယ်ဒမီ တစ်ဆုမှ မရရှိခဲ့တာကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေးကို အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့အတွက် မေလ ၁၂ ရက်နေ့က Seed Space Yangon မှာ ပြည့်သူ့အကယ်ဒမီ ဆုပေးပွဲကို ကျင်းပပြုလုပ်ပြီး မီ နဲ့ ခီတို့ကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဆုကြေးငွေ သုံးဆယ့် နှစ်သိန်း ခုနှစ်သောင်းနဲ့ ဆုတံဆိပ်တွေကို ခီနဲ့ မီတို့ကို ချီးမြင့်ပေးခဲ့တာဖြစ်ပါတယ်။

READ
ပရိသတ်မသိသေးတဲ့ The Voice Myanmar ဒိုင်ရဲ့အကြောင်းကို ပြောလာတဲ့ စမိုင်း

ပြည်သူ့ အကယ်ဒမီပေးပွဲကိုတော့  ပရိသတ်တစ်ဦးဖြစ်တဲ့ စိုးသီဟနောင်က ဦးစီးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြည့်သူ့ အကယ်ဒမီပေးပွဲက မီနဲ့ ခီတို့ရဲ့ ပုံရိပ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

SOurce: Soe Thiha naung

SHARE