အိမ်နီးပတ်ဝန်းကျင်က လူတွေကို ဆန်လှူပေးခဲ့တဲ့ ဦးခင်လှိုင်

Image:Fb/Khin Hlaing

သရုပ်ဆောင်မင်းသား ခင်လှိုင်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ပါ။ဟာသဇာတ် ကောင်ပဲ ဖြစ်ဖြစ်၊ကြမ်းကြမ်းတမ်းတမ်းဇာတ်ကောင်ပဲ ဖြစ်ဖြစ်၊သနားစရာ ဇာတ်ကောင်ပဲ ဖြစ်ဖြစ် ဘယ်လို ဇာတ်ကောင် မျိုးကို မဆို ကျရာ ဇာတ်ရုပ်ကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်သူပါ။အခုဆိုရင်တော့ ဒါရိုက်တာ လိုင်း ဘက်ကိုပါ ကူးပြောင်း လာခဲ့သူပါ။ချစ်စရာ ကောင်းတဲ့ သား၊သမီးတွေ ကို ပိုင်ဆိုင်ထားပြီး သား၊သမီးတွေ ကလည်း ပရိသတ် လက်ခံ အားေ ပးတဲ့ အနုပညာရှင်တွေ အဖြစ် ရပ်တည်နေပါတယ်။စီးပွားရေးခက်ခဲနေချိန်မှာ တော့ ဦးခင်လှိုင်က သူ့ရဲ့ ရပ်ကွက် ထဲမှာ တစ်နိုင်တစ်ပိုင်အလှူ လေးတစ်ခု လုပ်ခဲ့ပါတယ်။

Image:Fb/Khin Hlaing

သူနေထိုင်တဲ့ အိမ်မှာ အနီးနားပတ်ဝန်းကျင်က လူတွေ အတွက် ဆန်အလှူ လုပ်ပေးခဲ့ပါတယ်။အလှူလုပ်မယ့် အ ကြောင်းကိုလည်း သူ့ရဲ့ Fb မှာ မတ် လ(၂၂) ရက်နေ့တည်းက  ကြေညာထားပါတယ်။(၂၃)ရက်နေ့ မနက် (၉)နာရီ က စပြီး ဆန်လှူမယ်လို့ ကြေညာထားတာပါ။ဦးခင်လှိုင်ရဲ့ Post အပြည့်အစုံကတော့…..

READ
နာမည်ကြီး ဒါရိုက်တာ Quentin Tarantino လုံးဝအသုံးမပြုတဲ့ နောက်ဆုံးပေါ် နည်းပညာ ၄ ခု
Image:Fb/Khin Hlaing

“လေးစားချစ်ခင်ရတဲ့ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ
ကျွန်တော်တို့မိသားစု ချွေးနည်းစာလေးရဲ့တစ်နိုင်တစ်ပိုင်အလှူလေးပါ🙏🏻ကျွန်တော်ရဲ့ခင်လှိုင်တို့ အဖွဲ့သူအဖွဲ့သားများနဲ့ အနီးအနားပတ်ဝန်းကျင်ပရိတ်သတ်များကို
ဆန်များ ဝေငှ လှူဒါန်းမည်ဖြစ်ပါသဖြင့် 23.3.2020 နေ့တွင် ကျွန်တော်နေအိမ်အရှေ့
အမှတ်13/6 ပေါ်ဆန်းမွှေး1လမ်း သုဝဏ္ဏတွင်မနက်9နာရီစတင် လှူဒါန်းပါမည်🙏🏻🙏🏻🙏🏻..” ဆုိၿပီး ဦးခင္လႈိင္က သူ့ရဲ့ fb မှာ ဝေမျှ ထားပါတယ်။

Image:Fb/Khin Hlaing

ဆန်လှူဒါန်းနေပုံတွေကိုတော့ ဦးခင်လှိုင်ရဲ့ Fb မှာ Live လွှင့်ခဲ့ပါတယ်။အခုလို စီးပွားရေး အခက်အခဲ တွေ ကြုံ နေချိန် မှာ တက်နိုင်သမျှ ကူညီ လှူဒါန်းပေးတဲ့ ဦးခင်လှိုင် အတွက် Live မှာတော့ အားလုံးက ၀ိုင်းပြီး သာဓု ခေါ် ခဲ့ ကြပါတယ်။

READ
Ji hyo သာ Gary ကိုမငြင်းခဲ့ရင် Return of Superman မှာ ပါနေပြီလို့ ပြောခဲ့တဲ့ JoogKook
Image:Fb/Khin Hlaing

အနုပညာလှုပ်ရှားမှု အနေနဲ့ ဆိုရင်တော့ (၂၀၁၉)မှာတော့ ချိုးရုပ် ဇာတ်ကားနဲ့ ဒါရိုက်တာ အဖြစ် ပထမဆုံး ပွဲဦးထွက်ခဲ့ပါတယ်။မကြာသေးမီတုန်းက ပလေယာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင် ပြသခဲ့ပါတယ်။ပ လေယာမှာတော့ မြင့်မြတ်၊ဦးခင်လှိုင်၊အိ ချော ပို့ တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

Posted by Khin Hlaing on Sunday, March 22, 2020

 

Source:Fb/Khin Hlaing

SHARE