ဝင်ငွေရတိုင်း အမြဲကန်တော့တတ်တဲ့ ချစ်သူလေးကြောင့် ပီတိဖြာနေတဲ့ စည်ဖြိုး

Image:fb/Si Phyo/Khin Hlwan

စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ အနုပညာလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲ တစ်တွဲပါ။တစ်ယောက်နဲ့ တစ်ယောက် နားလည် မှုနဲ့ တည်ဆောက်ထားတဲ့  relationship လေးမို့ ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါ။ခင်လွှမ်းကတော့ မော်ဒယ် မင်းသမီးအဖြစ် ရပ်တည်နေသူပါ။စည်ဖြိုးကတော့ သူမ အတွက် အနုပညာလောကမှာ စီနီယာတစ်ယောက် ဖြစ်သလို ချစ်သူတစ်ယောက်၊အစ်ကို တစ်ယောက်လို သူမကို စောင့်ရှောက်ပေးနေသူပါ ဆိုပြီး အင်တာဗျူး တွေ တိုင်းမှာလည်းချစ်သူကို အမွှင်းတင်ချီးကျူးတတ်သူလေးပါ။တွဲလာတဲ့ ချစ်သူသက်တမ်းကတော့ နှစ်နှစ်လောက် ရှိ ပါပြီ။

Image:fb/Si Phyo
Image:fb/Si Phyo

စည်ဖြိုးကလည်း ချစ်သူကို မိဘတွေနဲ့ပါ မိတ်ဆက်ပေးထားပါတယ်။စည်ဖြိုးက သူ့မိဘတွေရဲ့ နှစ် ၃၀ ပြည့် ပုလဲရတု မင်္ဂလာနှစ်ပတ်လည် ပွဲမှာ ချစ်သူကို ပွဲထုတ်ထားတာကို ကြည့်ခြင်းအားဖြင့် တစ်ဘ၀လုံးစာ အတွက် ရည်စူး ပြီး တွဲ နေတယ်ဆိုတာကို သိသာပါတယ်။မကြာသေးခင်ကမှ ပြီးသွားတဲ့ စည်ဖြိုးရဲ့ မွေးနေ့ မှာဆိုရင်လည်း ချစ်သူ ခင်လွှမ်းက တန်ဖိုးကြီးရတနာတွေကို မွေးနေ့ လက်ဆောင် အဖြစ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။စည်ဖြိုးကို ချစ်သူ တစ် ယောက် အဖြစ်တင်မကပဲ အနုပညာလောကမှာဆိုရင် သူ့ရဲ့ စီနီယာ တစ်ယောက် အဖြစ်ပါ လေးစား တယ်ဆို တာကိုတော့ ခင်လွှမ်း တင်ထားတဲ့ Post တွေ ကိုကြည့်ရင် သိနိုင်ပါတယ်။

READ
ရင်တွင်းဖြစ် short film လေးရိုက်ကူးနေတယ်ဆိုတဲ့ ဟန်နာယူရီ
Image:fb/Si Phyo
Image:fb/Khin Hlwan
Image:fb/Si Phyo

စက်တင်ဘာ (၁၇)ရက်နေ့က စည်ဖြိုးက သိတတ်လိမ္မာလွန်းတဲ့ ချစ်သူလေးကို ချီးကျူးအမွှင်းတင်ထားပါတယ်။ ခင်လွှမ်းက ကျောက်မျက် အလုပ်၊အနုပညာအလုပ် ဘယ်ကနေပဲ ငွေ ၀င်ဝင် သူ့ ကို အမြဲ ကန်တော့ ရှာ တယ်ဆိုပြီး ချစ်သူလေးကို ချီးကျူးထားတာပါ။Post အပြည့်အစုံကတော့..

Image:fb/Khin Hlwan
Image:fb/Si Phyo

“ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..
ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..
ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..
ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..
ကောင်းကျိုးလိုရာပြည့်စုံပါစေ……” ဆိုပြီး သိတတ်လိမ္မာလွန်းတဲ့ ချစ်သူလေးရဲ့ အကြောင်းကို စည်ဖြိုးက သူ့ အကောင့်မှာ တင်ထားပါတယ်။စည်ဖြိုးကတော့ ပြီးခဲ့တဲ့ လတုန်းက ‘Love at Seven Eleven’ ရိုက်ကူးရေး အတွက် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာတော့ ဆိုင်ကယ်တက္ကစီသမားတစ်ယောက် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

READ
White Day မှာ ဒိတ်လုပ်ချင်သူတွေ ၀ိုင်းနေတဲ့ Park Bo Gum
Image:fb/Si Phyo
Image:fb/Si Phyo

Source:စည်ဖြိုး

SHARE