မိဘကို မကန်တော့ဘူးလားဆိုတဲ့ ဝေဖန်မှုတွေကို ခင်လွှမ်း ပြန်ဖြေရှင်း

Image:fb/Khin Hlwan

ခင်လွမ်းကတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီးလေးပါ။ကောက်ကြောင်းလှလှကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး Tik Tok ဗီဒီယိုလေးတွေ ရိုက်ရတာကြိုက်တဲ့ သူမရဲ့ Tik Tok အကောင့်မှာလည်း Follower တွေ အများကြီး ပိုင်ဆိုင်ထားသူပါ။သရုပ်ဆောင် မင်းသား စည်ဖြိုးရဲ့ ချစ်သူလေးပါ။မကြာသေးခင်ကစည်ဖြိုးတင်လိုက်တဲ့ Fb Post တစ်ခု က အွန်လိုင်းပေါ်မှာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။သိတတ်လိမ္မာလွန်းတဲ့ ချစ်သူလေးကြောင့် ပီတိဖြစ်ရတဲ့ အကြောင်းကို စည်ဖြိုးက တင်ထား တာပါ။

Image:fb/Khin Hlwan
Image:fb/Khin Hlwan

“ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..
ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..
ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..
ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..
ကောင်းကျိုးလိုရာပြည့်စုံပါစေ……” ဆိုပြီး စည်ဖြိုးက ချစ်သူလေးက ထိုင်ကန်တော့နေတဲ့ ပုံလေးကို တင်ထားတာပါ။အဲ့ဒီ Post နဲ့ ပတ်သက်ပြီး မိဘကိုရော ကန်တော့ရဲ့လား ဆိုပြီး ခင်လွှမ်းအပေါ်  ဝေဖန်ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။အဲ့ဒါနဲ့ ပတ်သက်ပြီး ခင်လွှမ်းကတော့ သူမရဲ့ FB မှာ ပြန်ဖြေရှင်းခဲ့ပါတယ်။

READ
ရန်သူဆိုရင်တောင်ကိုယ်ရဲ့အပြုံးတစ်ပွင့်ကိုတော့မုန်းတီးမိမှာမဟုတ်ပါဘူးဆိုတဲ့ စိုးပြည့်သဇင်
Image:fb/Khin Hlwan
Image:fb/Khin Hlwan

မိဘကိုလည်း အမြဲကန်တော့သလို ဘ၀လက်တွဲဖော်ကိုလည်း ကန်တော့တယ်၊မိဘဆိုတာကလည်း အစား ထိုး မရသလို ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်ကိုလည်း အစားမထိုးနိုင်ဘူး… ဆိုပြီး ပြန်ဖြေရှင်းခဲ့ပါတယ်။

“မိဘကိုလည်း အမြဲကန်​​တော့တယ်​. ကို့ဘဝလက်​တွဲ​ဖော်​ကိုလည်း ကန်​​တော့တယ်​. မိဘဆိုတာ အစားထိုးမရသလို ကို့ဘဝလက်​တွဲ​ဖော်​ကိုလည်း အစားမထိုးနိုင်​ပါဘူး …မိဘကို မျက်​နှာအပျက်​မခံသလို ကို့ဘဝလက်​တွဲ​ဖော်​ကိုလည်း စိတ်​မပျက်​​စေချင်​ဘူး… မိဘကို မိဘအရာမှာ အမြတ်​တနိုးတန်​ဖိုးထားသလို ကို့ဘဝလက်​တွဲ​ဖော်​လည်း ရိုရို​သေ​သေ အ​လေးထားပါတယ်​… မိဘကို​စော်​ကားတာမျိုး ဘယ်​​တော့မှအဖြစ်​မခံသလို ကို့ဘဝလက်​တွဲ​ဖော်​ကိုလည်း ဘယ်​​တော့မှအထိပါးမခံနိုင်​ပါဘူး … ဘယ်​အရာမဆို သဟဇာတ ဖြစ်​​နေမှ ရည်​ရှည်​တည်​တံ့နိုင်​တာ …
ဒါက ကျွန်​မ ခံယူချက်​ 🙏🙏🙏…………….” ဆိုပြီး ခင်လွှမ်းက သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။

Image:fb/Khin Hlwan
Image:fb/Khin Hlwan

ခင်လွှမ်းကတော့ စည်ဖြိုးရဲ့ မွေးနေ့ တုန်းကလည်း နားကပ်ဝတ်ရတာကြိုက်တဲ့ ချစ်သူ အတွက် စိန်နားကပ်ကို မွေးနေ့ လက်ဆောင် အဖြစ် ပေးခဲ့ပါတယ်။

READ
ဖေဖေ၊မေမေတို့နဲ့အတူ ဈေးဝယ်ထွက်နေပြီဖြစ်တဲ့ မိုးယုစံရဲ့ သားလေး
Image:fb/Khin Hlwan
Image:fb/Khin Hlwan

Source:Khin Hlwan

SHARE