ကမ်းခြေထက်က အလှပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်တဲ့ ခင်လေးနွယ်

တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မတွေ့ရပေမဲ့လည်း ဆိုရှယ်မီဒီယာပေါ်မှာတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေပြီး ဓါတ်ပုံတွေကို တင်ပေးနေတာဖြစ်ပါတယ်။

ခင်လေးနွယ်ကတော့ ဒီကနေ့မှာလည်း “သဲ ကစားခြင်း အနုပညာ….Beach ကိုသွားရင် ကမ်းစပ်မှာ ဒါမျိုးလေး သဲ ကစားကြသေးလားလို့”ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ကမ်းခြေနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်နဲ့ အရမ်းကို လှနေတဲ့ ခင်လေးနွယ်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ခင်လေးနွယ်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Khin Lay Nwe

SHARE