ကြွက်သားအဖုအထစ်တွေနဲ့ ကျစ်လစ်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ ခင်လေးနွယ်

တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး မင်းသမီးတစ်ယောက်၊ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေမှာ သိပ်မတွေ့ရပေမယ့် ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အားကစားကို နှစ်သက်တဲ့ အနုပညာတစ်ဦးအဖြစ် လူသိများတဲ့ ခင်လေးနွယ်ကတော့ ဒီကနေ့မှာ သူမရဲ့ ကျစ်လစ်တဲ့ ဘော်ဒီလေးကို ပရိသတ်တွေကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ “ဘယ်အသက်အရွယ်ပဲ ရောက်ရောက်
ကျန်းမာနေဖို့က အဓိကပါနော်… မိခင်လေးကတော့ လှလဲလှချင်တယ်ကျန်းမာချင်တယ်” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ခင်လေးနွယ်ရဲ့ ပရိသတ်တွေအတွက် ကျစ်လစ်တဲ့ ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားတဲ့ ခင်လေးနွယ်ရဲ့ ပုံရိပ်လေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source: Khin Lay Nwe

SHARE