ဆေးရုံပြန်တင်လိုက်ရတဲ့ ကစ်ကစ်အတွက် ခင်သဇင် အလှူခံ

Image:fb/Khin Thazin

ခင်သဇင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ပါ။သူမရဲ့ အနုပညာ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ကြားက နေ  ကစ်ကစ်အတွက် အချိန်ပေးပြီး ဂရုစိုက်ပေးနေသူပါ။ကစ်ကစ်နေမကောင်းတဲ့ တစ်လျှောက်လုံးမှာ မေတ္တာနဲ့ ဘေးကနေ စောင့်ရှောက် ပေးနေသူပါ။ခင်သဇင်ကတော့ ကစ်ကစ်ကို တစ်လ ၀င်ငွေ (၁၁)သိန်း ရအောင် စီစဉ်ပေးခဲ့တာ တစ်နှစ်လောက်ရှိတော့မှာပါ။ သူမကိုယ်တိုင်လည်း တစ်လ ကို တစ်သိန်း လှူဒါန်းလာခဲ့သူပါ။ (၁၁)သိန်း စီစဉ်ပေးပေမယ့် ဆေးဖိုးစရိတ်က ကြီးလွန်းတော့ ထွက်ငွေ က တစ်လ သိန်း (၂၀) ကျော်နေတယ်လို့ ခင်သဇင်က ပြော ခဲ့ပါတယ်။

Image:fb/Khin Thazin
Image:fb/Khin Thazin

“တနေ့က အလုပ်တစ်ခုက အပြန် မကစ်အိမ် ဝင်တွေ့ အ ခြေအနေ ကြည့်ခဲ့သေးတယ်

စိတ်ညစ်ခဲ့ရတယ်….

တစ်လကို ထာဝရ အလှူငွေ ၁၁ သိန်း လစဉ် ပုံမှန် ဝင်ငွေ ရနေအောင် မကစ်ကို စီစဉ်ပေးခဲ့တာ နောက်လဆို တစ်နှစ် တင်းတင်း ပြည့်ပြီ

ခက်တာက အဲဒီ ၁၁ သိန်းနဲ့ သူ လောက်ဌ မနေဘူး

အဲဒီ တစ်လကို ၁၁ သိန်း ဆိုတာ ကိုယ်တိုင် သေချာ အိမ်ဌားခ က အစ

READ
အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ပြောလိုက်တဲ့ မင်းမော်ကွန်း

ဘေးနားက ကူတဲ့ သူအတွက် လစာကအစ

အိမ်စားရိတ်ထမင်းဖိုးကအစ သေချာ တွက်ချက်ပြီရ အလှူခံပေးခဲ့တာ

အခု တစ်လ တစ်လ စားစရာတောင် မကျန်အောင် ဖြစ်နေပြီ

လစဉ် ကိုယ့် အိတ်ထဲက ချေးဌားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး

ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ

ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက်
သူ ဆေးကုဖို့ စားရိတ်မကျန်တော့လို့ ငိုပြီး ဖုန်းဆက်လာတိုင်း
တကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ်
ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်

ဒါနဲ့ တနေ့က စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ ကျော်နေတာကိုး

Image:fb/Khin Thazin
Image:fb/Khin Thazin

ဆေးဖိုးတွေက စျေးကြီး နေတာ မေးကြည့်တော့

ကိုယ်လည်း တစ်လ တစ်လ ခေါင်းမီးတောက်ရတယ်

ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ်

အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့

READ
GOT နောက်ဆုံးပိုင်းအတွက် ဇာတ်ညွှန်းဖတ်ပြနေတုန်း ငိုသွားခဲ့တဲ့ Jon Snow

လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့်

ခနနေ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ်

စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလား

ဒီတခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ 😔…….” ဆုိၿပီး  သူမရဲ့ အကောင့်မှာ ဖော်ပြထားပါတယ်။

Image:fb/Khin Thazin
Image:fb/Khin Thazin

“မကစ် ဒီနေ့ ဆေးရုံ စတင်လိုက်ပါပြီအခြေအနေကတော့ ပြောရခက်နေပါသေးတယ်

ဒါပေမယ့် လောလောဆယ်တော့ ဒီဆေးလေးတွေ အလှူခံချင်တာပါ

တစ်လ တစ်လ ကျောက်ကပ်ဆေးတာ အပြင် ဒီဆေးဖိုးတွေ နဲ့ တင် နေထိုင် စားသောက်ဖို့ မလောက်ဌ တော့လို့ပါ

လှူဒါန်း ချင်ပါတယ် ဆိုရင် အောက်က comment လေးမှာ လာပြောပေးပါနော်

CB မှာ လာဆက်သွယ်ပေးပါမယ်

အဓိက က ဆေးကုမ္ပဏီ တွေ ဆီက လှူဒါန်းပေးမယ်ဆို ပို အဆင်ပြေပါတယ်ရှင်

ကျေးဇူး အများကြီး တင်ပါတယ်🙏🏻
ကျန်းမာ ချမ်းသာကြပါစေရှင် 🙏🏻…” ဆိုၿပီး တင်ထားပါတယ်။

 

Image:fb/Khin Thazin

Source:ခင်သဇင်ရဲ့ FB

SHARE