မိခင်နဲ့အတူ ပုပ္ပါးတောင်ပေါ်တက်ခဲ့တဲ့ ခင်ဝင့်ဝါ

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ခင်ဝင့်ဝါဟာ မိခင်နဲ့အတူ စကားဝါပန်းတို့ဖူးပွင့်ရာ အညာမြေဖြစ်တဲ့ ပုပ္ပါးတောင်ပေါ်သို့ တက်နေပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ခင်ဝင့်ဝါလေးဟာ မိခင်နဲ့အတူ ပုပ္ပါးတောင်ပေါ်သို့တက်ခဲ့ပါတယ်။ ပုပ္ပါးတောင်ဟာ အရမ်းမတ်စောက်လွန်းတဲ့အပြင် မျောက်တွေကိုလည်း ရှောင်ပြီးတဲ့အတွက် ဖြေးဖြေးနဲ့မှန်မှန်လေးသာ သားအမိနှစ်ယောက် တက်ခဲ့ရပါတယ်။ဒါပေမယ့် တောင်ပေါ်တက်ခဲ့ရလို့ ပင်ပန်းနေတဲ့ ခင်ဝင့်ဝါတို့သားအမဟာ တောင်ထိပ်ကိုရောက်တဲ့အချိန်မှာတော့ ပုပ္ပါးတောင်ပေါ်ကနေမြင်ရတဲ့ ဧရာဝတိမြစ်ကြီးရဲ့အလှအပတွေ စိမ်းလန်းစိုပြေတဲ့ သဘာဝလေတွေကို ရရှိတဲ့အတွက် အမောပြေသွားစေမှာတော့ သေချာပါတယ်။

ခင်ဝင့်ဝါလေးဟာ ချိုမြိန်သောလက်စားချေခြင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာအကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်ရဲ့ အချစ်ကို ရရှိနေတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။

Kira (shwemom)

Source : Khin Wint Wah

SHARE