ဘိုမရုပ်လေးတစ်ရုပ်အလား အထင်မှားလောက်အောင်လှနေတဲ့ ခင်ဝင့်ဝါ

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ လတ်တလောမှာ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေနဲ့ ဖေစ်ဘုတ်ပေါ်မှာ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာ “လိပ်ပြာစံအိမ်” အထူးပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဓါတ်ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ဘိုမရုပ်ကလေးတစ်ရုပ်လို ပြစ်ချက်မရှိလှနေတဲ့ ခင်ဝင့်ဝါကတော့ ပရိသတ်တွေကို သူမရဲ့ အလှနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။

ခင်ဝင့်ဝါကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ခင်ဝင့်ဝါရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

source: Khin Wint Wah

SHARE