ချစ်စရာပုံလေးတွေကို ဝေမျှလိုက်တဲ့ ခင်ဝင့်ဝါ

Image:Fb/Khin Wint Wah

ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး အဖြစ် ပရိသတ်ကြားမှာ လူသိများပါတယ်။ပုရိသတွေရဲ့ တခဲနက် အားပေးဝန်းရံမှုကို ရထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့  Cute Type အလှမျိုးပါ။ ဘယ်လို နေနေ ချစ်စရာ ကောင်းနေတဲ့ ခင်ဝင့်ဝါ ကတော့ သူမရဲ့ Fb မှာ ပုံအသစ်တင်လိုက်ပါတယ်။ ပွဲတက်ပုံလေးတွေ လို့ ယူဆရပါတယ်။

Image:Fb/Khin Wint Wah
Image:Fb/Khin Wint Wah
 “ခေးကို “ချစ်တယ်” တဲ့လေ.. 💛💄– Ma Htet(Pop Soul)📸-Ko Bhone…” ဆုိၿပီး ခင်ဝင့်ဝါက သူမရဲ့ Fb မှာ ပုံအသစ် လေးတွေ တင်ထားပါတယ်။
Image:Fb/Khin Wint Wah
Image:Fb/Khin Wint Wah
ခင်ဝင့်ဝါ က တော့ပြီးခဲ့တဲ့ ရက်က  မျက်မှန်ဆိုင် ဖွင့်ပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ မကွေးမြို့က မန္တလေး ခေတ် ဆိုတဲ့ မျက်မှန် ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တာပါ။ အနုပညာလှုပ်ရှားမှု အနေနဲ့ ဆိုရင်တော့ Only Me  ဆိုတဲ့ ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ခင်ဝင့်ဝါ၊ညိမ်းသော်၊တိုင်ရွန်၊ထက်ထက်ထွန်းတို့ ပါဝင် သွားမှာ ဖြစ်ပြီး လေးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးပါ။
Image:Fb/Khin Wint Wah
Image:Fb/Khin Wint Wah

 

READ
အခုလို Body ရအောင် ဘာတွေ လုပ်လဲဆိုတာ Cristiano Ronaldo ဝေမျှ

Source:Fb/Khin Wint Wah

SHARE