လမ်းပေါ်က ရင်နင့်ဖွယ်ဖြစ်ရပ်ကို ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ

ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို တာဝန်ကျေတဲ့ သူတစ်ယောက်ဖြစ်ရုံသာမက ပရဟိတ အလုပ်တွေကိုလည်း ကြိုးစားဆောင်ရွက်နေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို ကြုံရင်ကြုံသလို အမြဲဆောင်ရွက်လေ့ရှိတဲ့ ခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း လမ်းပေါ်က ရင်နင့်ဖွယ်ဖြစ်ရပ်လေးတစ်ခုကို သွားရောက်ကူညီဖြစ်ခဲ့ပုံလေးကို ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ “5ရက်နေ့ ညနေက မင်္ဂလာဆောင်လေးတခု သွားရင်း တော်ဝင်စင်တာ မီးပွိုင့်မှာ အမေနဲ့ ကလေး 4ယောက် နေပူကြီးထဲမှာ အိပ်နေကြတာ မြင်လိုက်တော့ ကျွန်မ ရင်ထဲ တော်တော်လှုပ်ခတ်သွားမိတယ် ..” လို့ရေးထားပြီး ဒီအကြောင်းလေးကို ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။

လမ်းပေါ်က မိသားစုကြောင့် ကိုယ့်ကိုကိုယ် မင်းသမီးဆိုတာတောင် မေ့သွားလောက်အောင် တုန်လှုပ်သွားခဲ့တဲ့ ခိုင်နှင်းဝေကတော့ ကလေးတွေအတွက် အရုပ်တွေနဲ့ စားစရာတွေကို ပေးလှူခဲ့ပါတယ်။ ဒါ့အပြင် သွားချင်တဲ့နေရာကို နောက်နေ့လိုက်ပို့ပေးပါမယ်လို့ ပြောခဲ့ပေမဲ့ နောက်နေ့သွားရှာတဲ့အခါမှာတော့ အဲဒီမိသားစုကို မတွေ့ရတော့တဲ့အတွက်ကြောင့် ခိုင်နှင်းဝေကတော့ အရမ်းကို စိတ်မကောင်းဖြစ်နေပါတယ်။ ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် ဓါတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

READ
ဆက်စီဖြစ်လွန်းလို့ Banခံခဲ့ရတဲ့ အစားအသောက်ကြော်ငြာ(၅)ခု

Source: Khine Hnin Wai

SHARE