ခိုင်နှင်းဝေနဲ့အတူ ရပ်ကွက်တွေထဲ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စိုးညီအစ်မတွေ

စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ နာမည်ကျော် အနုပညာရှင် ညီအစ်မတွေဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတို့ကတော့ အနုပညာလှုပ်ရှားမှုတွေကို အမြဲကြိုးစားနေရုံသာမက အခါအားလျော်စွာလည်း လူမှုကူညီရေးအလုပ်တွေမှာ အတူတွဲပြီး လုပ်လေ့ရှိတဲ့ ညီအစ်မတွေဖြစ်ပါတယ်။

သူတို့ညီအစ်မတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းသမီးခိုင်နှင်းဝေရဲ့ ပရဟိတအသင်းနဲ့အတူ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ စိုးညီအစ်မတွေကတော့ လှူဒါန်းမှုတွေကို အိမ်တိုင်ရာရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ ဖေစ်ဘုတ်မှာ အခုလိုပဲရေးသားထားပြီး စိုးညီအစ်မတွေကို ကျေးဇူးတင်ကြောင်းပြောထားတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ စိုးညီအစ်မနဲ့ ခိုင်နှင်းဝေတို့ရဲ့ အလှူပုံရိပ်တွေကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Khine Hnin Wai

SHARE