မွေးနေ့အတွက် ခြေထောက်အတုတွေ တပ်ဆင်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရဟိတ မင်းသမီးတစ်ယောက်အဖြစ်လည်း ပရိသတ်တွေကြားမှာ လူသိများပါတယ်။ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ကတော့ မင်းသမီး ခိုင်နှင်းဝေရဲ့  မွေးနေ့ ရက်မြတ်လေးဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူ့ရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ မွေးနေ့ မနက်ခင်းကတည်းက ရွှေတိဂုံဘုရားမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အပ်ချုပ်သမတွေကိုလည်း အပ်ချုပ်စက်၂၁ လုံး လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ခိုင်နှင်းဝေကတော့ သူ့ရဲ့ မွေးနေ့အတွက် တတိယအကြိမ်အလှူကိုတော့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့ အလှူကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အတွက် ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ခိုင်နှင်းဝေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် အလှူပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Khine Hnin wai

SHARE