အိမ်တိုင်ရာရောက်လာပြီးအားပေးကူညီတဲ့ခိုင်နှင်းဝေကြောင့် မျည်ရည်မဆည်နိုင်ဖြစ်ခဲ့တဲ့ နွယ်နီ

ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးတစ်ယောက်လို့ နာမည်ကျော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အလှူအတန်းတွေကို လိုအပ်တဲ့သူတွေဆီရောက်အောင်လို့ ကူညီလှူဒါန်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ သရုပ်ဆောင် မနွယ်နီဆီကို သွားရောက်ပြီးတော့လည်း လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင်မနွယ်နီကတော့ မိသားစုတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပြီး လတ်တလောကလည်း MC ကနေ သူမတို့ရဲ့ မိသားစုဆီကို သွားရောက်ခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ အနုပညာရှင်တွေ အချင်းချင်း ကိုယ်ချင်းစာမိတာကြောင့် ဒီကနေ့ မနက်မှာ သရုပ်ဆောင်မနွယ်နီရဲ့ အိမ်ကို သွားရောက်ခဲ့ပြီး လိုအပ်တဲ့အရာတွေကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အိမ်တိုင်ရာရောက် သွားရောက်ကူညီတဲ့ ခိုင်နှင်းဝေကြောင့် နွယ်နီကတော့ မျည်ရည်မဆည်နိုင်အောင် ဝမ်းသာခဲ့ရပါတယ်။ ခိုင်နှင်းဝေရဲ့ အလှူကို သာဓုခေါ်နိုင်ဖို့အတွက် ဓါတ်ပုံတွေကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

READ
အထက်တန်းကျောင်း ပြီးမြောက်သွားတဲ့ Kim Yoo Jung

source: Khine Hnin wai

SHARE