ဒုက္ခရောက်နေသူတွေကို သွားရောက်ကူညီပေးပြီး စိတ်ကြည်နူးခဲ့ရတဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့  အခက်အခဲကြုံတွေ့နေတဲ့သူတွေကို ကူညီဖို့အတွက် အမြဲအဆင်သင့်ရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လတ်တလောမှာလည်း ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေရတဲ့ နေရာတစ်ခုဖြစ်တဲ့ ဘားအံ နတ်ကျွန်းကျေးရွာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ရေကြီးနေတဲ့ နေရာအထိ အရောက်သွားခဲ့ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ “ဘယ်လိုတွေပဲ စိတ်ဆင်းရဲစရာတွေနဲ့ ဒုက္ခတွေရောက်နေပါစေ ခနလေးအချိန်အတွင်းမှာ စိတ်ခွန်အားတွေ ပြောပေးပြီး သူတို့ ခနလောက်ပျော်ရွှင်ရယ်မောနိုင်စေခဲ့ပါတယ်..ကျမ သူတို့ကြောင့် ကြည်နူးခဲ့ရပါတယ်.”လို့လည်းး ခိုင်နှင်းဝေက သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးပေးထားပါသေးတယ်။

ခိုင်နှင်းဝေနဲ့ သူမရဲ့ ပရဟိတ အဖွဲ့သားတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Khine Hnin Wai

SHARE