ရိုးသားကြိုးစားတဲ့ ရဲလေးမအတွက် ထပ်ပြီး ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

Image : ခိုင်နှင်းဝေရဲ့ Facebook

ခိုင်နှင်းဝေကတော့ လိုအပ်တဲ့ နေရာလေးတွေမှာ တကယ့်ကို လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနေတဲ့ ပရဟိ တ သမားတစ်ယောက်ပါ။ငွေကြေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရတဲ့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ အကြောင်းကို Mya nmar Celebrity ကနေ အင်တာဗျူးလုပ်ပြီး တင်ဆက်ပေးနေပါတယ်။အဲ့ဒီအထဲမှာ  ရဲလေးမ  ကလည်း တစ်ယောက်အပါအ၀င်ပါ။ကားရိုက်တွေ မရှိတော့လို့ ဘ၀ကိုရုန်းကန်ကြိုးစားရှင်သန်နေရတဲ့ ရဲလေးမ ရဲ့ အကြောင်းကိုမြင်လိုက် သိလိုက်ရပြီးနောက်မှာတော့ ခိုင်နှင်းဝေက သူမတက်နိုင်တဲ့ ဘက်ကနေ ကူညီပေးခဲ့ပါတယ်။

Image : ခိုင်နှင်းဝေရဲ့ Facebook
Image : ခိုင်နှင်းဝေရဲ့ Facebook

မုန့်ဟင်းခါးဆိုင်လေးဖွင့်ချင်တဲ့ ကိုရဲလေးမရဲ့ ဆန္ဒကို ခိုင်နှင်းဝေက ဖြည့်ဆည်းပေးခဲ့ပါတယ်။မုန့်ဟင်းခါးဆိုင် ဖွင့် ဖို့ ရော၊လိုအပ်တဲ့ ပစ္စည်းတွေကို သူမကိုယ်တိုင် အသေးစိတ် ၀ယ်ယူပြင်ဆင်ပေးခဲ့တာပါ။အခုလည်း ကိုရဲလေး မ အတွက် ထပ်ပြီး အကူအညီေ ပးခဲ့ပါတယ်။ဒီတစ်ခါကတော့ အလှူရှင်တစ်ယောက်ကနေ လှူလိုက်တဲ့ ငွေ ကြေးကို သူမက အလှူရှင်ကိုယ်စား သွားရောက်ပေးအပ်ခဲ့တာပါ။ဒီအကြောင်းကိုတော့ ခိုင်နှင်းဝေက သူမရဲ့ အကောင့်မှာ အခုလို တင်ထားပါတယ်။

READ
ကောင်မလေးတွေ ကြွေနေတဲ့ ထိုင်းမင်းသားချော Puttichai Kasetsin (Push)
Image : ခိုင်နှင်းဝေရဲ့ Facebook
Image : ခိုင်နှင်းဝေရဲ့ Facebook

“အမေရိကန်ပြည်ထောင်စုနေ ကွယ်လွန်သူ JEREMY LYE (ခ) ကိုအောင်ထွန်းဦး အားရည်စူးပြီး ကျန်ရစ်သူမိသားစုမှ သရုပ်ဆောင်ကိုရဲလေးမကိုအလှူ ငွေ၅သိန်းကျပ်လှူဒန်းသောကြောင့် သွားရောက်ပေးအပ်ခဲ့ပါတယ်ရှင်…

ကိုရဲလေးမကို ကျမမုန့်ဟင်းခါးဆိုင်ဖွင့်ဖို့ပစ္စည်းတွေလှူပေးတုန်းက Interview မှာ သူ့အကိုခြေထောက်ဖြတ်ဖို့နဲ့မိသားစုအခက်အခဲတွေကိုပြောပြလိုက်လို့အခုလိုအလှူ ရှင်ပေါ်လာတဲ့အတွက်လဲဝမ်းသာမိပါတယ်.ကျမရဲ့ စိတ်ထဲကနေကိုရဲလေးမတို့မိသားစုကိုပြေလည်စေချင်တဲ့စိတ်စေတနာအမှန်ကရောင်ပြန်ဟပ်တယ်လို့ထင်ပါတယ်…..” ဆိုပြီး တင်ထားပါတယ်။

Image : ခိုင်နှင်းဝေရဲ့ Facebook

Source ခိုင်နှင်းဝေရဲ့ Facebook

SHARE