ညီအစ်မတွေလား အထင်မှားရလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ခိုင်သင်းကြည်တို့ သားအမိ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ မင်းသမီး ခိုင်သင်းကြည်ကတော့ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေတိုင်း ချစ်ကြတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးကလည်း ပရိသတ်တွေကြားမှာ ထိပ်ထိပ်ဆိုတဲ့ ချစ်စနိုးနာမည်လေးနဲ့ အချစ်တွေကို ရရှိနေတာဖြစ်ပါတယ်။

ဖေစ်ဘုတ်ပေါ်ကနေ တစ်ဆင့် ဓါတ်ပုံတွေကို မျှဝေပေးလေ့ရှိတဲ့ ခိုင်သင်းကြည်တို့ သားအမိနှစ်ယောက်ကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံတွေကို တင်ပေးထားပါသေးတယ်။ ခိုင်သင်းကြည်ကတော့ “သူ့ အိုက်တင်တွေကိုကိုယ်လိုက်မမှီသောအခါ” လို့ရေးထားပြီး ညီအစ်မတွေလား အထင်မှားလောက်အောင် ချစ်စရာကောင်းနေတဲ့ ခိုင်သင်းကြည်နဲ့ ထိပ်ထိပ်တို့ရဲ့ ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ခိုင်သင်းကြည်နဲ့ ထိပ်ထိပ်တို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Khine Thin Kyi

SHARE