အသက်ပိုငယ်သွားသလားလို့တောင် မေးခွန်းထုတ်ရလောက်တဲ့ ခိုင်သင်းကြည်ရဲ့ ပုံရိပ်များ

ရုပ်ရှင်လောကမှာ နာမည်ကျော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ ပရိသတ်တွေတိုင်းရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ပါ။ သူမကတော့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ သူမရဲ့ မပြောင်းမလဲ နုပျိုတဲ့အလှကြောင့် ပရိသတ်တွေတိုင်း အားကျရတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ လတ်တလောမှာလည်း Maroon 5 ရဲ့ ရှိုးပွဲကို ကြည့်ဖို့အတွက် နိုင်ငံရပ်ခြားကို ရောက်ရှိနေတာဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ သူမရဲ့ ခင်ပွန်းနဲ့အတူ လည်ပတ်နေတဲ့ပုံရိပ်တွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ခိုင်သင်းကြည်ရဲ့ လက်ရှိပုံရိပ်တွေကြောင့် ဘယ်တော့ အသက်မကြီးလာတဲ့ မင်းသမီးလို့တောင် နာမည်ပေးနေကြပါပြီ။ ချစ်စရာကောင်းတဲ့ မင်းသမီး ခိုင်သင်းကြည်ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Khine Thin Kyi

SHARE