နှစ်သစ်မင်္ဂလာပါလို့ ပရိသတ်တွေကို နှုတ်ခွန်းဆက်လိုက်တဲ့ ခေတ်နဲ့ သစ်

နာမည်ကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ခေတ်နဲ့ သစ်တို့ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီလေးတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ အမူအရာ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ သူလေးတွေလည်းဖြစ်ပါတယ်။

သူတို့ကတော့ ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ပရိသတ်တွေကို နှစ်သစ်မင်္ဂလာပါလို့ ဆုမွန်ကောင်းတောင်းပေးလိုက်တာဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ကတော့ မြန်မာဝတ်စုံလေးတွေကို ဆင်တူဝတ်ထားပြီး အရမ်းကို ချစ်စရာကောင်းနေလွန်းပါတယ်။

ခေတ်နဲ့ သစ်တို့ရဲ့ ဗီဒီယိုလေးတွေကိုတော့ မေမေ ချစ်သုဝေက သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ “အားလုံးလေ တကယ်ကို ပူလောင်မှုတွေကင်းဝေး လို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေနော်!!!!” လို့ရေးထားပြီး တင်ပေးထားတာဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

နှစ်သစ်မင်္ဂလာပါရှင်!!!!

Posted by Chit Thu Wai on Saturday, April 13, 2019

Posted by Chit Thu Wai on Saturday, April 13, 2019

Source: Chit Thu wai

SHARE