အခြေခံလူတန်းစားတွေ အတွက် ပစ္စည်းတွေကို ကူညီပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

Image:Fb/ခေတ်သစ်ဖောင်ဒေးရှင်း

COV ID- 19 ရောဂါ ဆိုးကြီးကတော့ မြန်မာနိုင်ငံ အထိ ပါ ကူးစက်ရောက်ရှိလာခဲ့ပါပြီ။ရောဂါ ဆိုးကြီးကို ဒီ့ထက် ပို ဆိုးမလာ အောင် ထိန်းချုပ် ရေး အတွက် ပြည်သူတွေ ဘက်က နေ  ပူးပေါင်းပါဝင် ပေးကြဖို့ ကိုလည်း အစိုးရ အာဏာ ပိုင်တွေ က တောင်းဆို ထားပါတယ်။ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့  ၃၁-၃-၂၀၂၀ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နှာခေါင်းကင်ဆာ ခံစားနေရတဲ့ (၆၉)နှစ်အရွယ် အမျိုးသား (Case – 05)  ကွယ်လွန်သွားပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ကူးစက်ခံရသူ အရေ အတွက်ကတော့ (၁၄) ဦးအထိ ရှိနေပါပြီ။

Image:Fb/Ministry of Health and Sports, Myanmar

အဆိုတော် မင်းသမီးချော ချစ်သုဝေ နဲ့ အဆိုတော် တေးရေး လင်းလင်းတို့ ကတော့ သမီး အမြွှာလေး တွေ ရဲ့ နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းကို ထူထောင်ထားတာပါ။ဒီဖောင်ဒေးရှင်းလေးကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေး အတွက် အဓိက ကူညီ ဆောင်ရွက် ပေးနေသလို ပညာရေး အတွက်လည်း တစ်ဖက်တစ်လမ်း ကနေ ကူညီပေးနေတာပါ။

READ
Promotions ကာလမှာဆိုရင် Kai စားတဲ့ တစ်ခုတည်းသော အစားအစာ..
Image:Fb/ခေတ်သစ်ဖောင်ဒေးရှင်း
Image:Fb/ခေတ်သစ်ဖောင်ဒေးရှင်း

အခုလက် တလော ကမ္ဘာတစ်ဝန်းမှာရင်ဆိုင်နေရတဲ့ COV ID- 19  အန္တရာယ်ဆိုးကြီးကို ကာကွယ် တိုက်ဖျက်ရေးနဲ့ ရောဂါ ဆိုးရဲ့ နောက်ဆက်တွဲ ကြောင့် အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကိုပါ ပါဝင် ကူညီပေးနေပါတယ်။လက် တလောမှာတော့ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ အတွက် ခေတ်သစ် ဖောင်ဒေးရှင်းက သိန်းတစ်ရာမ တည်လှူ ဒါန်း ပေးခဲ့ပါတယ်။

Image:Fb/ခေတ်သစ်ဖောင်ဒေးရှင်း
Image:Fb/ခေတ်သစ်ဖောင်ဒေးရှင်း

သူတို့နဲ့ အတူ ပါဝင် ကူညီချင်ကြတဲ့ အလှူရှင်တွေ ကိုလည်း ဖိတ် ခေါ် ထားပါတယ်။မတ်လ (၃၀)ရက်နေ့မှာတော့ အခြေခံ လူတန်းစား တွေ အတွက် စာနာ ထောက်ထားတဲ့ အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ကို လိုက်လံ ကူညီပေးခဲ့ပါတယ်။ပုံတွေ အရ ဆိုရင်တော့ ဆန်အိတ်တွေ လိုက်လံ ဝေငှ ပေးခဲ့တာပါ။တကယ့်ကို မွန်မြတ်တဲ့ အလှူမို့ လှူတဲ့ သူရော လှူတဲ့မြင်ကွင်းကို တွေ့ရတဲ့ အပြင်လူကိုပါ စိတ် အေးချမ်း စေတဲ့ ကြည်နူးစရာ ကောင်းတဲ့ အလှူ လေးပါ။

READ
ကစ်ရဲ့ Fan Meeting ပွဲမှာ ပါဝင်ပေးခဲ့တဲ့ Mary

Source:Fb/Chit Thu Wai & ခေတ်သစ်ဖောင်ဒေးရှင်း

SHARE