ကလေးလေးနာမည်ကတော့ Julian Fredrick ပါ။ အသက် ၁၂ နှစ်ရှိနေပါပြီ။ အခုဆိုရင် Julian ဟာ နိုင်ငံကျော် ဟင်ချက်နည်းအစီအစဉ်နဲ့ လက်တွဲပြီးတော့ ဟင်းချက်ဗီဒီယိုတွေတောင် ပြုလုပ်နေခဲ့ပါပြီ။
Julian အနေနဲ့ အသက် ၁၂ နှစ်ပဲရှိသေးတဲ့အချိန်မှာ chef တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာ သူ့ရဲ့ အသက် ၃ နှစ်ပြည့် မွေးနေ့ပွဲမှာ စတင်ခဲ့တာပဲဖြစ်ပါတယ်တဲ့လေ။ ဖြစ်ပုံကတော့ ဒီလိုပါ။ Julian လေးကို မွေးနေ့လုပ်ပေးမယ်ဆိုပြီး မိခင်ဖြစ်သူက ကိတ်မုန့်လေးကို မှာပေးခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ကိတ်မုန့်ဟာ ရောက်မလာခဲ့ဘဲနဲ့ မွေးနေ့ပွဲဖျက်လိုက်ရခဲ့ပါတယ်။
View this post on Instagram
ဒါကြောင့် Julian တစ်ယောက် ကိတ်မုန့်ကိုကိုယ်တိုင် ဖုတ်မယ်ဆိုပြီးတော့ စိတ်ဆုံးဖြတ်လိုက်ခဲ့ပြီး မိခင်ကို ပူဆာမိခဲ့ပါတယ်တဲ့။ မိခင်ဖြစ်သူဟာလည်း သားလေးရဲ့ ၃ နှစ်ပြည့်မွေးနေ့အတွက် ပျော်သလိုလုပ်ပါစေဆိုပြီးတောာ့ မီးဖိုချောင်ထဲ ဝင်ခွင့်ပေးကာ ကိတ်မုန့်ဖုတ်စေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Julian တစ်ယောက် သူဘာကို ဝါသနာပါသလဲဆိုတာ ရှာဖွေမိခဲ့တာပါ။

ဒီလိုနဲ့ ၂၀၁၅ ခုနှစ်မှာတော့ မိခင်ရဲ့ အကူအညီနဲ့ပဲ Julian ဟာ The Step Stool Chef ဆိုတဲ့ website လေးကို ထောင်ခဲ့ပြီး ဟင်းချက်နည်းတွေ၊ ဟင်းချက်ဗီဒီယိုတွေကို စပြီး တင်ခဲ့ပါတယ်။ အခုဆိုရင် ကလေးတွေအတွက်တောင် online သင်တန်းတွေဘာတွေရှိနေပါပြီ။
သူ့ကို ဘာကြောင့် entrepreneur လို့ ခေါ်ရသလဲဆိုတော့ Julian ဟာ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ရုံတင်မကသေးဘဲနဲ့ တခြားသော ကလေးတွေကိုလည်း ဟင်းချက်တဲ့လုပ်ငန်းခွင်နဲ့ ရင်းနှီးလာပြီး အောင်မြင်အောင်လို့ လမ်းပြပေးနေလို့ပါပဲ။ သူ့အနေနဲ့ အခုလို အောင်မြင်အောင် ကြိုးစားတယ်ဆိုတာလည်း အသက်အရွယ်ကြောင့် ကလေးတွေရဲ့ ဝါသနာကို အလေးမထားတဲ့ လူကြီးတွေကို ကလေးတွေကိုလည်း supporting အပြည့်အဝပေးတဲ့အခါ ဖြစ်မြောက်လာနိုင်တယ်ဆိုတာကို ပြချင်လို့ပါတဲ့လေ။
View this post on Instagram
penny