ကလေးပြန်ပေးဆွဲတာ လူမိသွားတိုင်း ရူးချင်ယောင်ဆောင်လေ့ရှိတဲ့ မသမာသူအမျိုးသမီး

ယခုခေတ်ကြီးမှာ မသမာသူတွေက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေအထိတောင် ရောင်းစားဖို့၊ သတ်ပစ်ဖို့၊ အနိုင်ကျင့်ဖို့ ပြန်ပေးဆွဲနေကြပါတယ်။

အချို့နေရာတွေမှာဆိုရင် ကလေးတွေကို ပြန်ပေးဆွဲပြီး ပြည့်တန်ဆာလုပ်ခိုင်းဖို့ ရောင်းစားကြတာတွေတောင် ရှိပါတယ်။ ဒီပြဿနာတွေဟာ ဖြေရှင်းဖို့မလွယ်ဘဲ အာဏာပိုင်တွေမှာလည်း မိဘတွေက ကလေးတွေကို သေချာစောင့်ရှောက်ဖို့သာ သတိပေးနိုင်ကြပါတယ်။

VIRAL4REAL

နေရာတော်တော်များများမှာတော့ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် မသမာသူတွေက အကြံအစည်တွေကို လွယ်ကူစွာ မကျူးလွန်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒီအမျိုးသမီးကတော့ အိမ်တွေမှာ ကလေးတွေကို ပြန်ပေးဆွဲလေ့ရှိပြီး၊ ပစ္စည်းတွေခိုးယူဖို့လည်း ကိုယ်ပိုင်နည်းလမ်းတွေရှိပြီး အများအားဖြင့် လွတ်မြောက်ခဲ့ပါတယ်။

VIRAL4REAL

အင်တာနက်အသုံးပြုသူတစ်ဦးရဲ့ အတွေ့အကြုံကတော့ မိန်းမတစ်ယောက်ဟာ အိမ်ထဲအတင်းဝင်လာခဲ့ပြီး ကလေးကို ခေါ်သွားဖို့ကြိုးစားခဲ့တာပါ။ မသမာသူမိန်းမဟာ အိမ်တံခါးကို လာခေါက်ခဲ့ပြီး အိမ်ထဲကို အတင်းဝင်လာခဲ့ပါတယ်။ အိမ်အကူက အိမ်ရှင်ကို မိတ်ဆွေတစ်ယောက်ဆီ အကြောင်းကြားအကူအညီတောင်းဖို့ ပြောခဲ့ရာ ၎င်းမိတ်ဆွေလည်း ရပ်ကွက်လူကြီးတွေကို ခေါ်ကာ ရောက်လာခဲ့ပါတယ်။

VIRAL4REAL

အဲဒီ့အချိန်မှာတော့ မသမာသူမိန်းမက သူခိုးထားတဲ့ အဝတ်အစားတွေအောက်မှာ ပုန်းနေခဲ့ပါတယ်။ သူမဟာ ထွက်ပြေးရမယ့်အစား ရူးချင်ယောင်ဆောင်နေခဲ့ပြီး အာဏာပိုင်တွေကလည်း ဖမ်းမိခဲ့ပေမယ့် အရူးတစ်ယောက်သာဆိုကာ ပြန်လွှတ်ပေးလိုက်ကြပါတယ်။

READ
ရေထဲကနေ အဖိုးတန်ပစ္စည်းတွေပါတဲ့ သေတ္တာတစ်လုံး ရှာတွေ့ခဲ့တဲ့ သံလိုက်ငါးဖမ်းသမား
VIRAL4REAL

သံသယရှိသူအမျိုးသမီးရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ တင်လိုက်ချိန်မှာတော့ သူမဟာ ၎င်းအနီးအနားတဝိုက်မှာ မသမာမှုကျူးလွန်ဖို့ ကြိုးစားနေကျဖြစ်ပြီး အဖမ်းခံရတာနဲ့ ရူးချင်ယောင်ဆောင်တတ်ကြောင်း လူအများက ဝိုင်းပြောခဲ့ကြပါတယ်။ ပုံမှန်ချိန်တွေဆို သူမဟာ အကောင်းတိုင်းပဲနေထိုင်ပြီး ကလေးတွေကို ပြန်ပေးဆွဲလုပ်တိုင်း ဖမ်းမိရင် အရူးလိုဟန်ဆောင်ပါတော့တယ်။ အာဏာပိုင်တွေကလည်း သူမကို ရူးနေတယ်ဆိုကာ အမြဲပြန်လွှတ်ပေးတတ်ပြီး ဒေသခံတွေကို သတိထားဖို့သာ သတိပေးပါတယ်။

White (Shwemom)

Ref: Viral4Real

SHARE