ကလေးတွေနဲ့သူတို့တစ်ပတ်လုံးစားလေ့ရှိတဲ့ အစားအသောက်တို့ရဲ့ဓာတ်ပုံလေးများ

Daily Bread: What Kids Eat Around the World

ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံတွေ၊ ပြောပုံဆိုပုံနဲ့ ဝတ်ပုံစားပုံတွေဟာ မွေးရပ်သို့မဟုတ် နေထိုင်တဲ့ နိုင်ငံပေါ်မူတည်ပြီး ပြောင်းလဲတတ်ကြတာ သဘာဝပါပဲ။ ဒီလိုမတူညီဘဲ ကွဲပြားတဲ့အထဲ ကျွန်တော်တို့တွေ စားသုံးနေကြတဲ့ အစားအသောက်တွေလည်း ပါဝင်နေပါတယ်။ နိုင်ငံတစ်နိုင်ငံထဲမှာ အတူတူချင်းတောင်မှပဲ ပြည်နယ်နဲ့ဒေသကွဲပြားသွားတာနဲ့ အစားအသောက်တွေ မတူကြတော့ပါဘူး။

Daily Bread: What Kids Eat Around the World/Amazon

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Boredpanda မှာ ဖော်ပြထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သွားတွေ့မိခဲ့ပါတယ်။ Gregg Segal ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်က မတူညီတဲ့နိုင်ငံတွေက ကလေးတွေရဲ့ တစ်ပတ်စာစားတဲ့ အစားအသောက်တွေကို ကလေးတွေနဲ့တကွ ချစ်စဖွယ်ပုံစံလေးတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံေးလတွေပါ။ ဓာတ်ပုံဆရာဟာ အမေရိကန်၊ အိန္ဒိယ၊ မလးရှား၊ ဂျာမနီ စတဲ့ နိုင်ငံပေါင်းစုံကို သွားပြီး ဓာတ်ပုံရိုက်ကူးကာ Daily Bread: What Kids Eat Around the World ဆိုတဲ့ နာမည်ရဲ့ ဓာတ်ပုံစာအုပ်လေးကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ထဲကမှ သဘောကျမိတဲ့ ကလေးလေး ၇ ယောက်ကို အောက်မှာ ဖော်ပြပေးသွားမှာဖြစ်ပြီး သူတို့ဘယ်သူလဲ၊ ဘယ်နိုင်ငံကလဲဆိုတာပါ ပြောပြပေးသွားမှာပါနော်။ ကလေးလေးတွေ ဘာတွေ စားကြမလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦး။

California, Pasadena က ၆ နှစ်သမီးလေး Daria Joy Cullen လေးစားတဲ့ အစားအစာလေးတွေပါ။ ဝက်ပေါင်ခြောက်တော်တော်ကြိုက်ပုံပဲ။  အသီးအနှံဆိုရင် နည်းနည်းလေးမှတောင် ကျွေးမရတဲ့ Daria လေးကြိုက်တဲ့ အစားအသောက်တွေကတော့ ဝက်ပေါင်ခြောက်၊ ပါစတာ၊ ပေါက်ပေါက်ဆုတ်၊ ပူရှိန်းနဲ့ချောကလတ်လေးတွေပါတဲ့ ရေခဲမုန့်တွေပါ။

Daily Bread: What Kids Eat Around the World

ကွာလာလမ်ပူမှာနေတ့ Beryl Oh Jynn ကတော့ အသက် ၈ နှစ်ရှိလို့နေပါပြီ။ ပထမဆုံးစားဖူးတယ်ဆိုပြီး မှတ်မိခဲ့တဲ့ အစားအစာကတော့ ဆန်ပြုတ်နဲ့ ကိတ်မုန့်ပါတဲ့။ စပါကတီနကို carbonara ဆောစ့်နဲ့ချက်ထားတာကို သိပ်ကြိုက်ပြီး ဂျင်းတော့လုံးဝမစားပါဘူး။ ဆိုဒါအအေးတွေကိုတော့ မိဘတွေ တားမြစ်ထားလို့ အခုထိ မသောက်ဖူးဘူးလို့ ဆိုပါတယ်။

READ
လူတွေဟာ ကိုယ်သေဆုံးတာကို သိနေနိုင်ကြောင်း လေ့လာချက်တစ်ရပ်မှာ တွေ့ရှိ
Daily Bread: What Kids Eat Around the World

ဘရာဇီး၊ Mato Grosso ရဲ့ Xingu ဒေသအထက်ပိုင်းမှာ နေထိုင်တဲ့ Kawakanih Yawalapiti ကတော့ အသက် ၉ နှစ်ရှိလို့နေပါပြီ။ yawalapiti မျိုးနွယ်ဝင်ဖြစ်ပြီး မိခင်မျိုးနွယ် Arawaki ဘာသာစကားကို ၁၉၄၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ မျိုးဆက်သစ်တစ်ယောက်ဖြစ်ပါတယ်။ ဖခင်ရဲ့ ပေါ်တူဂီစကားကိုလည်း တတ်မြောက်ပြီး ရှေးဟောင်းအီဂျစ်သမိုင်းကို ဖတ်ရတာ ဝါသနာထုံပါတယ်။ နေ့တိုင်းလိုလို ကျွဲကျောင်းလိုက်၊ လူကြီးတွေကို ကူလုပ်ပေးလိုက်၊ မြစ်ထဲမှာကစားလိုက်၊ ငါးဖမ်းလိုက်နဲ့ လွတ်လွတ်လပ်လပ်နေလေ့ရှိပြီး ကွန်ပြူတာသင်ပေးတဲ့ ကျောင်းကို လှေတစ်တန်၊ ဘတ်စ်ကားတစ်တန်စီးကာ မိခင်ကလတိုင်းလိုလို လိုက်ပို့ပေးလေ့ရှိပါတယ်။

Daily Bread: What Kids Eat Around the World

ဒူဘိုင်းက ၉ နှစ်သားလေး Yusuf Abdullah Al Muhairi ကတော့ ဒါတွေစားပါတယ်တဲ့။ အကြိုက်ဆုံးကတော့ မေမေကြော်ပေးတဲ့ ကြက်ဥမွှေကြော်ဖြစ်ပြီး ကိုယ်တိုင်ကင်တဲ့ ပေါင်မုန့်မီးကင်ပါတဲ့။ ကြီးလာရင်း ပိုင်းလော့ ဒါမှမဟုတ် ရဲသားကြီးဖြစ်ချင်တယ်လို့လည်း ပြောထားပါသေးတယ်။

Daily Bread: What Kids Eat Around the World

Senegal, Dakar က အသက် ၁၁ နှစ်အရွယ် Meissa Ndiaye ကတော့ ဆိတ်သားဟင်းနဲ့ ဆန်ပြုတ်အချိုကို ကြိုက်ပြီး စားသမျှအစားအသောက်တိုင်း နို့ထွက်ပစ္စည်းတွေနဲ့ ချတ်ပြုတ်ာကိုလည်း နှစ်သတ်ပါတယ်တဲ့။ ကြီးလာရင် ဘောလုံးသမား မက်ဆီတို့၊ ရော်နယ်ဒိုတို့လို ကမ္ဘာကျော်ဘောလုံးသများဖြစ်ချင်တယ်လို့ ဆိုပါတယ်။ 

Daily Bread: What Kids Eat Around the World

အသက် ၁၀ နှစ်ရှိနေပြီဖြစ်တဲ့ Anchal Sahani ကတော့မွန်ဘိုင်းသူလေးပါ။ ဆောက်လက်စတိုက်ခန်းတွေနားမှာ သွပ်ကာအိမ်လေးနဲ့နေထိုင်ပြီး ဖခင်ရဲ့ ဝင်ငွေဟာ တစ်ရက်မှ မြန်မာငွေ ၆၀၀၀ ပတ်ဝန်ကျင်သာ ရနေတဲ့ လက်လုပ်လက်စားတစ်ယောက်ပါ။ ဒါကြောင့် သူမတို့မိသားစုဟာ အသားဟင်းကို နေ့တိုင်းမစားနိုင်ဘဲ မိခင်ကိုယ်တိုင်လုပ်တဲ့ ချပါတီကို ဂေါ်ဖီပန်းပွင့်ဟင်းနဲ့ တွဲစားလေ့ရှိကြပါတယ်။ ကြီးလာရင်း ဆရာမဖြစ်ချင်တဲ့အတွက် ကျောင်းမှန်မှန်တက်ချင်ပေမယ့် အိမ်မှာလည်း လူမမယ်မောင်လေးကို ထိန်းပြီး အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရပါသေးတယ်။ ဓာတ်ပုံရိုက်ဖို့ခေါ်တော့ စတိုးဆိုင်မှာ ချောကလတ်လေး ဝယ်စားပြီး မောင်လေးလိုပဲ မေမေကသမီးကိုချစ်မှာပဲလို့ ဓာတ်ပုံဆရာကို ပြောခဲ့ပါတယ်တဲ့။

READ
Wi-Fi ရဲ့မူလဒီဇိုင်းကို တီထွင်ပေးခဲ့သူ ဟောလိဝုဒ်မင်းသမီး Hedy Lamarr ရဲ့အကြောင်း
Daily Bread: What Kids Eat Around the World

အမေရိကန်သားလေး Copper Norman ပါ။ အသက်ကတော့ ၁၂ နှစ်ရှိနေပါပြီ။ အမေရိကန်သားလေးပီပီ အားလူးချောင်းကြော်၊ ကြကဥချောင်းနဲ့ အသားကင်တွေနည်းတာမဟုတ်ဘူး။ ဒိုးနပ်ကွင်းလေးကလည်း ပါသေး။ ဒါပေမဲ့ အကြိုက်ဆုံးကတော့ ထိုင်းအစားအစာတွေပါတဲ့။ Copper မေမေက ထိုင်းသူကိုး။

Daily Bread: What Kids Eat Around the World

အသက် ၁၀ နှစ်အရွယ် ပြင်သစ်သူလေး Rosalie Durand ကတော့ မိဘတွေရဲ့ ထိန်းကျောင်းမှုနဲ့ ကျန်းမာရေးညီညတ်တဲ့ အစားအသောက်ပုံစံခွက်ထဲမှာ စားလေ့ရှိတယ်လို့ဆိုပါတယ်။ လတ်လတ်ဆတ်ဆတ် ငါးတွေ၊ အရွက်သုတ်တွေကို အမျာားဆုံးစားလေ့ရှိပြီး ဝက်အူချောင်းကိုလည်း ကြိုက်နှစ်သတ်ပါတယ်တဲ့။ ထူးထူးဆန်းဆန်း Rosalie မစားတဲ့အရာတွေကတော့ ratatouille လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်ပေါင်းစုံဟင်းရယ်၊ ဟင်းနုနယ်ရွက်နဲ့ သခွားသီးတွေပါလို့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်တဲ့ Rosalie လေးက ပြောထားပါတယ်။

Daily Bread: What Kids Eat Around the World

Greta Moeller ကတော့ ဂျာမနီ၊ Hamburg သူလေးဖြစ်ပြီး အသက် ၇ နှစ်အရွယ်ရှိနေပါပြီ။ အကြိုက်ဆံးကတော့ ငါးအသားချောင်းကြော်နဲ့ အားလူးထောင်းဖြစ်ပြီး အချိုထဲမှာဆိုရင်တော့ ပန်းသီးဆော့စ်ပဲဖြစ်ပါတယ်။

Daily Bread: What Kids Eat Around the World

ဒါကာသူလေး Sira Cissokho ကတော့ အသက် ၁၁ နှစ်ရှိနေပါပြီ။ လူနေမှုချို့တဲ့တဲ့ မိသားစုတွေပီပီ Sira တို့ခင်ဗျာ အသားဟင်းနပ်မမှန်တဲ့အပြင် ဘာစားစား အချိုးအစားနဲ့ စားရတာမလို့ တစ်ခါတစ်လေ မဝသေးရင်တောင် ထပ်စားဖို့ မကျန်တော့ပါဘူး။ ဒီဓာတ်ပုံရိုက်ဖို့တောင်မှ Sira တို့အိမ်မှာ ပွဲတစ်ခုရှိတာကြောင့် Sira မေမေ ကြက်သားဟင်းချက်တုန်းက ရိုက်ထားတာဖြစ်ပါတယ်။ 

Daily Bread: What Kids Eat Around the World

Penny

SHARE