လယ်ကွင်းထဲက စပါးကြီးမြွေကြီးတွေကို လက်ဗလာနဲ့လိုက်ဖမ်းနေခဲ့တဲ့ မောင်နှမသုံးယောက်

စပါးစိုက်ပြီးခါစ လယ်ကွင်းထဲမှာ (၁၀) နှစ်အရွယ်ဝန်းကျင်လောက်ရှိတဲ့ ကလေးသုံးယောက်ဟာ အကောင်တစ်ကောင်ကို သည်းကြီးမည်းကြီး လိုက်ဖမ်းနေကြပုံကို တွေ့ရမယ့် ဗီဒီယိုပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ စပါးခင်းတစ်ခုမှာလို့ သိရပါတယ်။

Trendy Feed

ဗီဒီယိုထဲမှာ တွေ့ရမှာကတော့ မောင်နှမတွေဖြစ်ဟန်တူတဲ့ ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ဟာ ဧရာမမြွေကြီးတွေကို လိုက်လံဖမ်းဆီးနေကြပါတယ်။ မြွေကြီးတွေကို လိုက်ဖမ်းနေရတာကတော့ ရောင်းစားဖို့နဲ့ ချက်စားဖို့လို့လည်း သိရပါတယ်။

Trendy Feed

ကလေးတွေဟာ မြွေကြီးကို အမြီးက ဆွဲလိုက်၊ ခေါင်းက ဆွဲလိုက်၊ ကောက်ရိုးတွေနဲ့ ပစ်လိုက် ရေနဲ့ပက်လိုက်နဲ့ မသိရင် တကယ့်မြွေဖမ်းသမားတွေအတိုင်း ကျွမ်းကျင်စွာ ဖမ်းနေကြတာပါ။

Trendy Feed

အန္တရာယ်ရှိမှန်းသိပေမယ့် ဂရုမစိုက်ကာ မသိရင် ဇယ်တောက်သလို ကြက်ဖခွပ်သလို လွယ်လွယ်ကူကူနဲ့ သုံးယောက်သားလိုက်ဖမ်းနေခဲ့ကြတာပါ။

Trendy Feed

ဒီဗီဒီယိုဟာ လူမှုကွန်ယက်ပေါ် ပျံ့သွားပြီးချိန်မှာတော့ ကလေးတွေရဲ့အန္တရာယ်အတွက် လူအများစုက စိုးရိမ်နေကြပြီး အခုလိုလွှတ်ထားတဲ့မိဘတွေကိုလည်း တအံ့တသြဖြစ်ခဲ့ကြပါတယ်။

READ
အသက်(၇၀)ကျော်မှ ကလေးရခဲ့တဲ့ အိန္ဒိယအမျိုးသမီး

ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦးနော်။

Source: Trendy Feed

Penny

SHARE