ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ အတွင်းခံပစ္စည်းတွေကို ထုတ်ပြခဲ့တဲ့ G-Dragonရဲ့ ရည်းစားဟောင်း

YouTube/Wacol

အကယ်၍ သင်ဟာ Netflixမှာ Queer Eye: We’re in Japan!ဆိုတဲ့ အစီအစဉ်ကို ကြည့်ဖူးတဲ့သူတစ်ယောက်ဆိုရင် ဂျပန်မော်ဒယ်လေး Kiko Mizuharaကို ကောင်းကောင်းကြီး ရင်းနှီးတဲ့သူတစ်ယောက်ဖြစ်မှာပါ။ 

 

အသက်၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်-ဂျပန် မော်ဒယ်လ်သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်တဲ့ Kikoဟာဆိုရင် The Fab Fiveဆိုတဲ့ စီးရီးကို ဂျပန်မှာရိုက်ကူးခဲ့တာဖြစ်ပြီး သူမရဲ့ ချစ်စရာကောင်းတဲ့အပြုအမူတွေ၊အထူးသဖြင့် သူမရဲ့ ဖော်ရွေတဲ့ ပေါင်းသင်းဆက်ဆံပုံတွေကြောင့် လူသိများလာခဲ့ရတာဖြစ်ပါတယ်။

READ
ကပိုကရိုနဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံအသစ်တွေ တင်လိုက်တဲ့ နန်းသီရိမောင်

အခုလဲ Kikoဟာ သူမပရိတ်သတ်တွေရဲ့ အာရုံကိုနောက်တစ်ကြိမ်ထပ်မံဖမ်းစားလိုက်ပြီဖြစ်ပါတယ်။သူမဟာ နာမည်ကြီး ဂျပန်အမျိုးသမီးဝတ်အတွင်းခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Wacolရဲ့ brand ambassadorအဖြစ်ခန်အပ်ခံရပြီးနောက်ပိုင်း “Moring Cleavage Longlasting Ribbon Bra”ဆိုပြီး Kikoကိုယ်တိုင် ဒီဇိုင်းဆွဲကာ သူမကိုယ်တိုင်ပဲ ဒီအတွင်းခံကိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ူးခဲ့ပါတယ်။ တော်တော်များများကတော့ Kikoဟာ ပိတ်ရက်ရှည်မှာ ပုံစံအသစ်နဲ့ ပရိတ်သတ်တွေဆီ ပြန်လာတာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ဒီကြော်ငြာဗီဒီယိုထဲမှာတော့ Kikoဟာ အတွင်းခံကိုဝတ်ပြီး ခေါင်မိုးပေါ်မှာ ဒရမ်းတီးနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒီကြော်ငြာဗီဒီယိုမှာတွေ့မြင်ရတဲ့အတိုင်း ဒီဘရာရဲ့ပုံစံက အရမ်းကြီးလေးလေးပင်ပင်မရှိဘဲ ဘယ်လိုအချိန်မှာမဆို ကိုယ်ခန္ဓာကို ဟန်ချက်ကျအောင်ထိန်းပေးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ဘရာရဲ့ အရောင်က အဖြူနဲ့အနက်နှစ်မျိုးပဲထွက်ရှိအုံးမှာဖြစ်ပါတယ်။ဒီဘရာရဲ့ လက်လီဈေးကတော့ တစ်ခုကို ယန်း ၆,၈၀၀(အမေရိကန်ဒေါ်လာ ၅၇.၉၂)ကျသင့်မှာဖြစ်ပါတယ်။Kikoကတော့ သူမဟာ ဒီထက်ပိုချစ်ဖို့ကောင်းတဲ့ ဘရာကိုထပ်မံထုတ်လုပ်နေပြီး ရင်သားတစ်ခုလုံးကို ဖဲပြားနဲ့ အလှဆင်ထားတဲ့ ဒီဇိုင်းပုံစံမျိုးလေးဖန်တီးချင်ကြောင်း ပြောပြခဲ့ကြောင်း soranews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

READ
အပြာရောင် မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ အိချောပို

 

Pyi Hein Kyaw

SHARE