ရုံးခန်းထဲအထိဝင်ပြီး ချစ်သူဟောင်းကို သေနတ်နဲ့ပစ်သတ်တဲ့ အမျိုးသား

ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်တာဘူရီမြို့ရှိ ရုံးခန်းတစ်ခုမှာ မေလ 19 ရက်နေ့ 9 နာရီခန့်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလုပ်ကြံမှု အတွက် သေနတ်ကျည်ဆံ ထိမှန်သူအမျိုးသမီးမှာ နေရာမှာတင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေနတ်သမားဟာ မကြာသေးခင်ကမှ ၎င်းနဲ့ လမ်းခွဲခဲ့သည့် ရည်းစားဟောင်းဖြစ်ကြောင်း သိရပါတယ်။

တရားခံဖြစ်တဲ့ Badin Pungpee 28 နှစ်ဟာ ပစ္စတိုသေနတ်ထဲမှာ ကျည်တစ်ကတ်လုံး ကုန်ဆုံးလုနီးပါးအထိ ချစ်သူ ဟောင်း Papatsara Mirtpakdee ကို အငြှိုးအတေးကြီးစွာ ပစ်ခတ်ခဲ့ပြီး၊ စုစုပေါင်း 10 ချက်တိတိ အနီးကပ်ပြီး ပစ်ခတ်ခဲ့တာကို CCTV မှတ်တမ်းမှာ မြင်တွေ့ရပါတယ်။ 6 ချက်မှာ သေစေလောက်တဲ့နေရာတွေကို ထိမှန်ခဲ့တာပါ။

Badin နဲ့ Papa တို့ဟာ နှစ်နှစ်ကြာ လက်တွဲခဲ့ပြီးနောက် မကြာသေးခင် လကမှ သမီးရည်းစားဘ၀ကို ပြတ်ဆဲခဲ့ကြတာပါ။ဒီအတွက် Badin ဟာ Papa ကို အလွန်စိတ်နာနေပြီး၊ တစ်ခြားသူဆီကို ပါသွားမှာကိုလည်း လုံးဝ မလိုလားခဲ့ပါဘူး။ နောက်ဆုံးတော့ Badin ဟာ ပစ္စတိုကို ကျည်အပြည့်ဖြည့်ပြီး၊ Papa အလုပ်လုပ်ရာ ရုံးခန်းကို အေးအေးဆေးဆေးဝင်လာ ပြီး အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

READ
ဖောက်ပြန်တဲ့ခင်ပွန်းရဲ့လိင်တံကို Boxcutter နဲ့လှီးဖြတ်ပစ်တဲ့အမျိုးသမီး

ရုံးခန်းအတွင်းရှိ အခြားဝန်ထမ်းတွေဟာ ပထမတော့ ကြောင်စီစီဖြစ်နေပြီး၊ နောက်ပိုင်းမှာ အသံတွေပွက်လောရိုက်ကာ၊ အပြင်ကို ထွက်ပြေးသူတောင် ရှိခဲ့ပါတယ်။ Papa ဟာ ဦးခေါင်း၊ လည်ပင်းနဲ့၊ ရင်ဘတ်တွေမှာ သေနတ်ကျည် ထိုးဖောက် ဒဏ်ရာတွေရခဲ့ပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

သေနတ်သမား Badin ကို ဆွေမျိုးတစ်ဦးရဲ့ အိမ်မှာ အထုပ်အပိုးတွေပြင်နေစဉ်မှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူအသုံး ပြုခဲ့တဲ့ သေနတ်ကတော့ 9မမ ပစ္စတိုဖြစ်ပြီး၊ ပစ်ချက် 10 ချက်အနက် 6 ချက်အထိ Papa ကို ထိမှန်ခဲ့ကာ ကျန်အချက်
တွေကတော့ လွှဲချော်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဒီလို ရက်စက်တဲ့လူသတ်မှု ကျူးလွန်ရခြင်းကို ဖြစ်စေတဲ့ အဓိကအချက်မှာ သ၀န်တိုစိတ်ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE