သတင်းကောင်းကြေညာမယ် ဆိုတဲ့ လူပျိုကြီး Kim Jong Kook

Running Man အဖွဲ့ထဲက လူပျိုသိုးကြီး Kim Jong Kook ကတော့ ပရိသ တ်တွေ အတွက် မကြာခင်မှာ သတင်းကောင်းကြေညာသွားဖို့ရှိတယ်လို့ ပြော လိုက်ပါတယ်။ခုချိန်ထိ အိမ်နဲ့ gym ကလွဲလို့ တခြားနေရာတွေ ကို သိပ်သွား လေ့မရှိတဲ့ Kim Jong Kook ဟာ အဖွဲ့ထဲမှာဆိုရင် အချစ်ရေးနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို စနောက်ခံရလေ့ရှိသူပါ။ဒီအကြောင်းကို allkpop. မှာဖော်ပြထား တာပါ။

အောက်တိုဘာ(၁၀)ရက်နေ့က ပြုလုပ်တဲ့  KBS2’s ‘Dragon Club – Child ish Bromance’ SHOW ပွဲရဲ့ သတင်းစာရှင်းလင်းပွဲကို  Kim Jong Kook တက်ရောက်ခဲ့ပါတယ်။ဒီshow မှာတော့ သူအပါအ၀င် တခြား အဖွဲ့ဝင် (၅) ယောက်ပါဝင်သွားမှာပါ။ကျန်အဖွဲ့သားတွေကတော့  Cha Tae Hyun, Jang Hyuk, Hong Kyung Min နဲ့ Hong Kyung In တို့ပါ။

‘Dragon Club’ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူ trip သွားတဲ့ အကြော င်းကို ပြောပြခဲ့ရာမှာတော့”လက်ထပ်ပြီးတဲ့ သူငယ်ချင်းတွေကို တကယ်ပဲ မနာ လို ဖြစ်ရတယ်။သူတို့နဲ့တွေ့ရင် လက်ထပ်တာနဲ့ပတ်သက်ပြီး သူတို့ဆီကနေ မေး တယ်၊အကြံဥာဏ်တောင်းခံတယ်။ကျွန်တော့်မှာ ဆရာကောင်းတွေရှိတယ်လို့ ထင်တယ်ဗျာ့။အတတ်နိုင်ဆုံး မြန်မြန်လက်ထပ်ချင်ပါပြီ။မဝေးတော့တဲ့ အနာ ဂါတ်မှာ သတင်းကောင်းတစ်ခု ကြေညာသွားပါ့မယ်” လို့ ပြောခဲ့ပါတယ်။

READ
လေတစ်ချက်အရမ်းမှာ အရှက်တွေဗြန်းဗြန်းကွဲခဲ့ရတဲ့ မင်းသမီးကြီး

Cha Tae Hyun က Kim Jong Kook ရဲ့စကားကို ဖြည့်စွက်ပြောရာ မှာေ တာ့ ..Kim Jong Kook ဟာ ဘော်ဒါတွေထဲမှာဆိုရင် ခုထိ single ဖြစ်နေ တဲ့ တစ်ဦးတည်းသော သူဖြစ်ကြောင်း၊မိဘအပေါ်လည်း ချစ်ခင် သိတတ်လိမ္မာ သူဖြစ်ပြီး စံနှုန်းကလည်း အရမ်းမြင့်မြင့်မှန်းထားတဲ့သူလို့ ပြောခဲ့ပါ တယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE