အိမ်ဖြူတော်ဆီ လာလည်ဖို့ တရားဝင် ဖိတ်ကြားချက်ကို လက်ခံလိုက်တဲ့ ကင်ဂျုံအန်

သတင်းဌာနတွေအရ အိမ်ဖြူတော်ကို အလည်အပတ်လာရောက်ဖို့ ကန်သမ္မတ ထရမ့်ပ်ရဲ့ဖိတ်ခေါ်ချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သဘောတူလက်ခံခဲ့ကြောင်း သိရပါတယ်။ ဒီသတင်းဟာ စင်ကာပူမှာ ထရမ့်ပ်-ကင်ထိပ်သီးတွေ့ဆုံပွဲအပြီးမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ထရမ်ပ့်က ကင်နဲ့ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်ဟာ မြောက်ကိုရီးယားနဲ့ ရှေ့လျှောက်သံတမန် ဆက်ဆံရေးတွေ တိုးတက်စေဖို့ ကနဦးအစပျိုးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

The White House

အမေရိကန်သမ္မတဟာ စစ်ကစားပွဲကို အဆုံးသတ်ပြီး မြောက်ကိုရီးယားနဲ့ စာမျက်နှာသစ် ဖွင့်လှစ်တော့မယ်လို့ ကတိပြုခဲ့ပါတယ်။ ကင်ဟာ အမေရိကန်ကို ခြေမချဖူးတာကြောင့် သင့်လျော်တဲ့ အချိန်တစ်ချိန်မှာ အမေရိကန်ကို အလည်အပတ်လာရောက်ပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့ ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။ အခုတစ်ခေါက်မှာတော့ ကန်သမ္မတကိုယ်တိုင် မြောက်ကိုရီးယားခေါင်းဆောင်ကို အိမ်ဖြူတော်ဆီ အလည်လာဖို့ တရားဝင်ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

The White House

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကတည်းက ကန်နိုင်ငံနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေ ရှိခဲ့ကြတာပါ။ ဆွစ်ဇာလန် ပညာတတ်တစ်ဦးဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အရေးကြီးတဲ့ ခရီးစဉ်တွေရှိမှသာ နိုင်ငံကနေထွက်ခွာလေ့ရှိပါတယ်။ ထရမ့်ပ်ကတော့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ကင်နဲ့ထပ်မံ ဆွေးနွေးချင်သေးကြောင်းဆိုပါတယ်။

READ
ဆယ်လ်ဖီရိုက်ဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့တဲ့ ရုရှဆယ်ကျော်သက်
The White House

ဆိုလိုရင်းက ထရမ့်ပ်အနေနဲ့လည်း မြောက်ကိုရီးယားကိုပထမဆုံးအကြိမ်အဖြစ် သွားရောက်လည်ပတ်နိုင်ခြေရှိတယ်လို့ သုံးသပ်ရပါတယ်။ ထရမ့်ပ်နဲ့ကင်ဟာ စင်ကာပူမှာ ပထမဆုံးနှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် (၄၁)မိနစ်ကြာတွေ့ဆုံဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်ခဲ့ ကြပါသေးတယ်။

လင်းလင်း (ShweMom)

Ref: TheSun

SHARE