ကင်ဂျုံအမ်ရဲ့လုပ်ရပ်ဟာ အလွန်ဆိုးဝါးကြောင်း အမေရိကန်သမ္မတ မှတ်ချက်ပြု

မြောက်ကိုးရီးယား အာဏာရှင် ကင်ဂျုံအမ်ဟာ မကြာသေးခင်က စွမ်းအားမြင့်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလွန်ဆိုးဝါးတဲ့ အပြုအမူဖြစ်ကြောင်း Air Force One
လေယာဉ်ပေါ်မှာ ရှိနေစဉ် သတင်းသမားများ ရှေ့မှောက်မှာ မှတ်ချက်ပြုခဲ့ပါတယ်။

ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ လပိုင်းကတည်းက ဒုံးကျည်ပေါင်းမြောက်များစွာကို မြေပြင်စမ်းသပ်မှုတွေ မကြာခဏ ပြုလုပ်စေခဲ့
ပြီး၊ ဒါဟာ အမေရိကန်ကို တစ်နည်းတစ်ဖုံအားဖြင့် ရန်စနေတဲ့သဘောသက်ရောက်နေပါတယ်။ ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဒုံးကျည်အမြောက်အများခင်းကျင်းပြသထားတဲ့ပွဲတော်မှာ မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။

အာရှနိုင်ငံတွေကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိန်ကန်စွမ်းအင်အကြီးအကဲ Tillerson က ပြုံးယမ်းရဲ့ နယူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး သူရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။ သူက တောင်ကိုရီးယားကို ရောက်ရှိနေ စဉ်မှာ ဒီမှတ်ချက်စကားကို ပြောခဲ့တာပါ။

Tillerson က ” ရွေးချယ်ပိုင်ခွင့်တွေကတော့ အများကြီးပါ .. မြောက်ကိုရီးယားဟာ UN ကနေ တားမြစ်ထားတဲ့ အစီအစဉ်တွေကို အသုံးချလိုနေပြီး … ဒါကလည်း ငြိမ်းချမ်းရေးကို မထိခိုက်ပါဘူးလို့ ဆိုနေပါတယ် .. သူတို့က ဆယ်စုနှစ် အတွင်းမှာ လကမ္ဘာကို ရောက်အောင်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ် “လို့ ပြောခဲ့ပါတယ်။

READ
သုဝဏ္ဏဘူမိလေဆိပ်အဆောက်ဦ လေးလွှာစက်လှေကားမှ ခင်္ရီးသွားတစ်ဦး ခုန်ချသေဆုံး

ထရမ့်က ကမ္ဘာကို ရန်စစိန်ခေါ်သလို ဖြစ်နေတဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို ” မြောက်ကိုရီးယားရဲ့အပြုအမူဟာ အတော်လေးကို ဆိုးဝါးပါတယ် … အမေရိကန်ကို နှစ်နဲ့ချီစိန်ခေါ်နေတာပါ … ဒါကို တရုတ်ကလည်း မသိမသာ အကူအညီပေးနေပါတယ် “လို့ ပြောကြားခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE