တောင်ကိုရီးယားနယ်အတွင်း ပထမဆုံးခြေချပြီး ငြိမ်းချမ်းရေးစကားဆိုခဲ့တဲ့ ကင်ဂျုံအန်

ဧပြီလ (၂၆)ရက်နေ့က မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်ဟာ တောင်ကိုရီးယားနယ်နိမိတ်ဘက်သို့ သွားရောက်ကာ တောင်ပိုင်းသမ္မတ မွန်းဂျယ်အင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းသစ်ထူထောင်ခဲ့ပြီဖြစ်ပါတယ်။ ကင်ဟာ လွန်ခဲ့တဲ့ (၆၅)နှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲကြီးပြီးဆုံးကတည်းက တောင်ကိုရီးယားဘက်သို့ လာရောက်တဲ့ ပထမဆုံး မြောက်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။

EPA

ငြိမ်းချမ်းမှုအထိမ်းအမှတ်အနေနဲ့ အရင်ဆုံးကင်ဂျုံအန်က မွန်းဂျယ်အင်းကို မြောက်ပိုင်းသို့ အရင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ မမျှော်လင့်ထားစွာ သူက တောင်ပိုင်းကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက စစ်ပွဲနှုတ်ခမ်းဝရောက်ခဲ့ကြတဲ့ (၂)နိုင်ငံဟာ အခုဆိုနှ စ်ဖက်ခေါင်းဆောင်တွေက နယ်စပ်ရှိ ငြိန်းချမ်းရေးဇုန်ဖြစ်တဲ့ ဖန်မွန်ဂျောင်ကျေးရွာမှာ ရင်းနှီးစွာ တွေ့ဆုံခဲ့ကြပါတယ်။

AP:ASSOCIATED PRESS

ကင်ဂျုံအန်ကို တောင်ကိုရီးယားဘက်မှ ရိုးရာအဝတ်အစားနဲ့ ရဲမက်တွေနဲ့ ကြိုဆိုခဲ့ကြပြီး ကိုရီးယားရိုးရာသီချင်း အာရီရန်ကို တီးမှုတ်ဂုဏ်ပြုခဲ့ကြပါတယ်။ ထို့နောက် တောင်မြောက်သီးသန့်ဆွေးနွေးရေးအတွက် ငြိမ်းချမ်းရေးအဆောက်အဦးထဲသို့မဝင်ခင် ကင်က ဧည့်သည်စာအုပ်မှာလက်မှတ်ရေးထိုးခဲ့ပြီး “သမိုင်းသစ်ထူထောင်ကာ ငြိမ်းချမ်းရေးခေတ်ရောက်လာပါပြီ” လို့ ပြောခဲ့ပါတယ်။ ဆွေးနွေးနေစဉ်မှာ ကင်က “အရင်ကလို သဘောထားကွဲလွဲချက်တွေ ထပ်မရှိချင်ဘဲ စစ်မှန်စွာ ဆွေးနွေးလိုပါတယ်” လို့ သူ့သဘောထားကို ပြောခဲ့ပါတယ်။

READ
Invictus ဂိမ်းပိတ်ပွဲမှာပရိတ်သတ်ထဲအနမ်းခြွေခဲ့တဲ့ မင်းသားဟယ်ရီတို့စုံတွဲ
AP:ASSOCIATED PRESS

ကင်ဂျုံအန်နဲ့အတူ ဆွေးနွေးပွဲသို့ ညီမဖြစ်သူ ကင်ယိုဂျုံးလည်း အတူပါလာခဲ့ပြီး သူမဟာ ဖေဖော်ဝါရီလကလည်း ဆောင်းရာသီအိုလံပစ်အတွက် တောင်ပိုင်းကို လာရောက်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ဘက်ကလည်း လွန်ခဲ့တဲ့လတွေက ကင်ဂျုံအန်နဲ့ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် တောင်မြောက်ဆွေးနွေးမှုကနေ ငြိမ်းချမ်းမှုကို ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုထားပါတယ်။

AP:ASSOCIATED PRESS

မနေ့က တွေ့ဆုံမှုမတိုင်ခင် ကင်ဂျုံအန်က နျူပရောဂျက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်နားထားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။ တောင်ပိုင်းသမ္မတ မွန်ဂျယ်အင်း စီးနင်းလိုက်ပါလာရာ ကားတန်းတစ်လျှောက်မှာလည်း ပြည်သူများက တောင်ပိုင်းမြေပုံပါတဲ့ အလံများကိုင်ကာ နှစ်ဖက်တွေ့ဆုံမှုကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ နှစ်ဖက်တွေ့ဆုံမှုရဲ့ ရလဒ်ကို ယခုသောကြာနေ့မှာ ကြေညာသွားမယ်လို့ခန့်မှန်းရပြီး တောင်မြောက်ငြိမ်းချမ်းမှု အကောင်အထည်ပေါ်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

EPA

White (Shwemom)

Ref: The Sun

SHARE