မြောက်ကိုရီးယားမှာ ကိုရိုနာမရှိဘူးပြောပြီး ဆေးရုံအသစ်ဆောက်ခိုင်းနေတဲ့ ကင်ဂျုံအန်

instagram/marshalkimjongun

မြောက်ကိုရီးယား စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ကင်ဂျုံအန်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့အဖိုးတန်ကျန်းမာရေးကို ကာကွယ်ဖို့ဆိုပြီး ခေတ်မီအထွေထွေဆေးရုံတစ်ရုံ တည်ဆောက်ခိုင်းခဲ့ကြောင်း nypost အရ သိရပါတယ်။ လတ်တလော ကမ္ဘာအရပ်ရပ်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနဲ့ပတ်သက်လို့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အချိန် ကင်ဂျုံအန်ဟာ သူ့နိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဘူးလို့ ငြင်းဆိုခဲ့တာပါ။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်က ခုလို ဆေးရုံသစ်ဆောက်ဖို့ စေခိုင်းခဲ့တဲ့အပေါ် အားလုံးက သံသယရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အပြောနဲ့အလုပ် မရိုးသားနိုင်ဘူးဆိုပြီး လူတွေက ယူဆနေတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကတော့ ကင်ဂျုံအန်ဟာ အင်္ဂါနေ့(၁၇.၃.၂၀၂၀)တုန်းက ဆေးရုံတည်ဆောက်နေတဲ့နေရာကို လာရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

View this post on Instagram

Boattrip #boat #korea #northkorea #kimjongun #kimjong #sexy

A post shared by Kim Jong Un (@kimjongunofficial) on

မြောက်ကိုရီးယားနိုင်ငံဟာ Covid-19 ဗိုင်းရပ်စ်တွေ အရမ်းအဖြစ်များနေတဲ့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံနှစ်နိုင်ငံကြား ရောက်နေပေမယ့် ကင်ဂျုံအန်ကတော့ သူ့နိုင်ငံမှာ Covid-19 ကူးစက်ခံရသူမရှိဘူးဆိုပြီး ကြေညာခဲ့တာပါ။

READ
ဖမ်းဝရမ်းအထုတ်ခံထားရတာတောင် သီချင်းဗီဒီယိုရိုက်ပြီး ရဲတွေကို လှမ်းခနဲ့ခဲ့တဲ့ မူးယစ်ရာဇာ

မြောက်ကိုရီးယားရဲ့နိုင်ငံပိုင်သတင်းစာ Rodong Sinmun မှာတော့ အစိုးရအဖွဲ့ဟာ လက်ရှိနိုင်ငံမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဆေးဝါးဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အားနည်းနေသလိုခံစားရတဲ့အတွက် ခေတ်မီပြီး ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့ ဆေးရုံတစ်ရုံကို မြို့တော်ပြုံးယမ်းမှာ တည်ဆောက်မယ်လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

https://www.instagram.com/p/B8EbVWaJSU7/?utm_source=ig_web_copy_link

ဒါ့အပြင် ကင်ဂျုံအန်ဟာ ၄င်းဆေးရုံဆောက်မယ့်ကိစ္စကို အရေးကြီးအလုပ်အဖြစ် သတ်မှတ်ထားတဲ့အပြင် အောက်တိုဘာ အစောပိုင်းအမှီ ပြီးစီးရမယ်လို့လည်း ကြေညာခဲ့တယ်ဆို ပါတယ်။ ပြုံးယမ်းကတော့ သူဟာ သူ့နိုင်ငံသားတွေ အသက်ရှင်သန်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်တာတွေ အစောတကည်းက ပြုလုပ်ထားတယ်လို့ ဆိုထားတာပါ။ မြောက်ကိုရီးယားဟာ နယ်စပ်ပိတ်ထားတဲ့အပြင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို ဖြတ်တောက်ခဲ့ပြီး မြောက်ကိုရီးယားအခြေစိုက် နိုင်ငံခြားသံတမန်လုပ်ငန်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ တားမြစ်ထားကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE